ဧပြီလ ၅ရက်နေ့က မလေးရှားနိုင်ငံတွင် အိမ်ဖော်အလုပ်သမတစ်ဦး အစာငတ်သေဆုံးမှုကြောင့် မလေးနိုင်ငံသား လင်မယားနှစ်ဦးအား ရဲမှ ဖမ်းဆီခဲ့သည်။ မတ်လ ၃၁ရက်နေ့တွင် အလုပ်ရှင်လင်မယားမှ Mey Sichan သေဆုံးနေကြောင်း ဆေးရုံသို့အကြောင်းကြားခဲ့သည်။ သို့သော် ဆရာဝန်များမှ သူမ၏ သေဆုံးမှုသည် အစာငတ် သေဆုံးမှုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု မြောက်ပိုင်းပီနန်းပြည်နယ် ရဲချုပ် Nasir Salleh မှ ပြောကြားခဲ့သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်တွင်လည်း ပွန်းပဲ့ဒဏ်ရာများ ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။
0 comments:
Post a Comment