Tuesday, April 24, 2012

ထိုင်းနိုင်ငံရောက်ကလေးငယ်တစ်ဦး အတင်းအဓ္ဓမအလုပ်စေခိုင်းခံရ


မြန်မာလူငယ်တစ်ဦးကို အတင်းအဓ္ဓမ လုပ်အားစေခိုင်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေ နဲ့ ဘန်ကောက်က မြန်မာအမျိုးသမီးကြီးကို ထိုင်းလူကုန်ကူမှု တိုက်ဖျက်ရေးအဖွဲ့က ဒီကနေ့မနက်မှာ ဖမ်းဆီးလိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်း ဌာနကပြောပါတယ်။ မောင်အေး (အသက် ၇နှစ်) ကလေးငယ်ဟာ ဖော်ဖြေရေးဆိုင်တွေမှာ နေ့စဉ် ပန်တွေလိုက်ရောင်းခိုင်းတာ ခံနေရပြီး ရောင်း၍မရပါက ရိုက်နှက်တာတွေ ၊ အစာငတ်ထားတာတွေခံနေရတယ်လို့ မောင်အေးရဲ့ အုပ်ထိန်းသူက ဘန်ကောက်မှရှိတဲ့ World Vision နှင့် The Mirror ဖောင်ဒေးရှင်း ၂ခုကို တိုင်ကြားခဲ့ပါတယ်။ ထို့နောက် ဖောင်ဒေးရှင်း နှစ်ခုမှ ဆက်လက်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားချက်အရ မြန်မာအမျိုးသမီး မစိုး (ခေါ်) မစ်စ် စုမိုဟာမက် (အသက် ၄၇နှစ်)ကို သူမတည်းခိုရာဘန်ကောက်ခရိုင် ခလောင်းတွန့်မြို့နယ် ဆွန်လုန်ရပ်ကွက် ဖထနားကန်းလမ်းက အိပ်ခန်းတစ်ခုမှာ ဧပြီလ၊ ၂၃ ရက်နေ့ နံနက် ၁၀ နာ၇ီ တွင်ဝင်ရောက်ဖမ်းဆီးခဲ့သည် ဟု နယ်မြေခံ ရဲမှူးချုပ် ဆပိုင်ဖိုတ်ကပြောပါတယ်။ သူမကို သွားဖမ်းသောအချိန်တွင် သက်သေခံ နှင်းဆီပန်းတွေ နှင့် မောင်အေးနှင့် အခြားကလေး ၅ယောက်ကိုတွေ့ခဲ့သည် ဟုဆိုပါသည်။ ကလေးတွေ ဆွေမျိုးတွေဖြစ်လို့ခိုင်းစားတာလို့ သူမက ဆိုပါတယ်။ တစ်နေ့ကိုပန်းရောင်းခ ဘတ် ၃၀၀ မှ ၅၀၀ အထိရရှိပြီး ကလေးတစ်ဦးကို ဘတ် ၂၀ မှ ၃၀ အထိပေးကြောင်း ၊ ထိုကလေးမိဘများကိုလည်း တစ်လလျှင် ဘတ် ၂၀၀၀ ပို့ပေးကြောင်း နှင့် ကလေးများကိုလည်း ရိုက်နှက်မှုများမပြုကြောင်း ရဲမှူးကိုထွက်ဆိုခဲ့သည်။ သို့သော် ကလေးများသည် ပွဲစားမှ တဆင့်သူမထံရောက်လာပြီး အဓ္ဓမလုပ်အားပေး ခိုင်းစေခြင်းခံနေရသောကြောင့် သူမအား သွေးဆောင်ဖြားယောင်းမှု နှင့် ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ဆက်လက်အရေးယူဖို့ရှိတယ် လို့ရဲ့မှူးက ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနမှ ဖော်ပြထားပါသည်။ REF : DVB

0 comments:

Post a Comment