Thursday, May 31, 2012

အလုပ်သမား အခွင့်အရေး အတွက် တိုက်ပွဲဝင်နေတဲ့ တော်ဝင်မြန်မာ ဇာပန်းထိုး စက်ရုံ အလုပ်သမားများ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ဇုန် (၁) က တော်ဝင်မြန်မာ ဇာပန်းထိုး စက်ရုံ အလုပ်သမားတွေဟာ မေလ ၂၈ ရက်နေ့က အခြေခံလစာ ၃၀၀၀၀ ကျပ် ရရှိရေးနဲ့ အခြား
အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ အတွက် ဆန္ဒပြ ခဲ့ကြပါတယ်။ စက်ရုံ အလုပ်သမား ၁၈၀၀ လောက် ရှိတဲ့အထဲက ၁၄၀၀ လောက်ဟာ စက်ရုံရှေ့မှာပဲ ဆန္ဒပြ ခဲ့ကြတာပါ။ စက်ရုံအလုပ်သမားတွေဟာ မေလ ၂၆ ရက်နေ့ကတည်းက စတင်ပြီး ဆန္ဒပြ ခဲ့ကြတာလည်း ဖြစ်ပါတယ်။ စက်ရုံ ပိုင်ရှင်အနေနဲ့ အခြား အချက် အလက်တွေကို လိုက်လျှောပေမယ့် အဓိက
အချက်ဖြစ်တဲ့ အခြေခံလစာ ၃၀၀၀၀ ကျပ် သက်မှတ်ရေးကိုတော့ ငြင်းဆိုခဲ့တာကြောင့် အလုပ်သမားတွေဟာ တောင်းဆိုချက်တွေ မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

Ref : BURMAVJ

0 comments:

Post a Comment