ဘန်ကောက်နဲ့ အတွင်းပိုင်းမြို့တွေကို ပိုဆောင်ဖို့ ရွှေဖရုံသီး တင်ထားတဲ့ ကား ၂ စီးပေါ်မှာ ဖွက်ပြီး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကို မဲဆောက်မြို့အထွက် ဂိတ်မှာ ဇွန်လ ၂၆ ရက်နေ့က ထိုင်း အစိုးရ တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။
အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၅ ဦးတို့ဟာ သယ်ဆောင်ခ ဘတ်ငွေ ၁ သောင်း ၀န်းကျင်လောက်ပေးပြီး ထိုင်းနိုင်ငံ အတွင်းပိုင်း မြို့တွေကို ၀င်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။
သစ်သီးတွေကြား သံဆူးနဲ့ထိုးတဲ့ အခါမှာအောက်ကို ပေါက်မသွားဘဲအထဲမှာ သံဇကာ ခံနေတာကြောင့် ဖွင့်စစ်ဆေးတဲ့အခါမှာ အခုလို တွေ့တာလို့ ပုလိပ်အရာရှိတဦးက ပြောပါတယ်။
သူတို့ကို သယ်ဆောင်လာသူ ထိုင်းနိုင်ငံသား ကားသမား ၂ ဦးကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးထားပါတယ်။ ကားမောင်းသမားတွေကလည်း သယ်ယူခ တခေါက်ကို ၁ သောင်းရပြီး ဘန်ကောက်ရောက်တဲ့အခါမှာ အခြားအဖွဲ့တွေက အဲ့ဒီလူတွေကို လာရောက်ခေါ်ဆောင်သွားမှာ လို့ ဖြောင့်ချက်ပေးပါတယ်။
Ref: >>> DVB
0 comments:
Post a Comment