Sunday, July 08, 2012

ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြလုပ်သားများ ညှိနှိုင်းမှု ရရှိ

လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြမှု နေတဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်လူမျိုးပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့အလုပ်သမား ပြေလည်မှု ရရှိသွားပြီ ဖြစ်ပါတယ်။ကျွမ်းကျင်အဆင့် အလုပ်သမား တစ်ယောက်ရဲ့ အနိမ့်ဆုံး လစာဟာ အရင်က (၈၆၀၀၀) ကျပ် ဖြစ်ပြီး၊ မနေ့ညနေပိုင်း က နှစ်ဘက် ညှိနှိုင်းခဲ့ရာမှာ (၉၁၇၀၀) ကျပ်နဲ့ ပြေလည်မှု ရရှိသွားတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင် မသက်သက်အောင်က RFA ကို ပြောပါတယ်။ "အားလုံးက သဘောတူပြီးတော့ ကျမတို့ ညနေ ၅ နာ၇ီလောက်မှာ ၂ ဘက် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ "ဖာမိုဆိုစက်ရုံမှာ ကျွမ်းကျင် အထည်ချုပ် အလုပ်သမား (၆၀၀) ကျော်ရှိပြီး၊ တောင်းဆိုဆန္ဒပြတဲ့ အလုပ်သမား ဦးရေကတော့ (၄၀၀) ကျော်ရှိပါတယ်။ ဒီစက်ရုံဟာ သက်တမ်း ဆယ်နှစ် (၁၀) ခန့်ရှိပြီး အနောက်တိုင်း ဝတ်စုံတွေကို အဓိကထား ချုပ်လုပ်တင်ပို့နေတာ ဖြစ်ပါတယ်။

REF  :RFA

0 comments:

Post a Comment