Thursday, July 05, 2012

M-Apparel အမှုနိုင်အထည်ချုပ်စက်ရုံ နောက်ဆက်တွဲ သတင်း

အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ ၂၂၆ ဘတ်ရရှိခဲ့ကြသော အမှုနိုင် M-Apparel အထည်ချုပ်စက်ရုံမှ အထည်ချုပ် လိုင်းခေါင်းဆောင် ဖြစ်သူ (၅) ဦးသည် ၄င်းတို့၏ အရည်အချင်းနှင့် ပတ်သက်၍ သာမန် သာမန်အလုပ်သမားများနှင် တန်းတူလုပ်အားခ ရရှိနေသဖြင့် အလုပ်ရှင်ထံ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြ သည်ဟု သိရှိရသည်။
အလုပ်ရှင်မှ လိုက်လျောခြင်း မရှိခဲ့သည့်အတွက် ၄င်းစက်ရုံမှ အလုပ်နှုတ်ထွက်ပြီး ၄င်းတို့၏ လက်ကျန်လုပ်
အားခကို စက်ရုံတွင် လုပ်ခဲ့သော နှစ်အရေအတွက်အလိုက် ပြန်လည်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
၃-၇-၂၀၁၂ တွင် အလုပ်ရှင်မှ ဆ၀ါဒီကန် (အလုပ်သမားကာကွယ်ရေးရုံး)တွင် အဆိုပါ အလုပ်သမား (၅)ဦးအား ဘတ်ငွေ ၃၂၅၀၀ ကိုပေးချေပြီး အလုပ်သမားများအား အလုပ်ရှင်ပြောင်းခွင့် ကိုပေးခဲ့သည်။
အဆိုပါ အလုပ်သမားများထဲမှ အလုပ်သမားတစ်ဦးက " ကျနော် ၀မ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့
ကျနော်တို့က ကိုယ့်သဘောနဲ့ ကိုယ် စက်ရုံကနေ အလုပ်ထွက်လာတော့ တောင်းဆိုခွင့် မရှိဘူးလို့ ထင်နေ
ခဲ့တာ အခုလို လိုက်ပြီး ဆောင်ရွက်ပေးတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နဲ့ ကိုထွေးနိုင် တို့ကိုလည်း ကျေးဇူးတင်ပါတယ် " ဟုပြောကြားသွားခဲ့သည်။
အဆိုပါ M-Apparel အထည်ချုပ်စက်ရုံမှာ လွန်ခဲ့သော ၅-၆-၂၀၁၂ နေရက်၌ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်
အတွက် အသစ်ပြောင်းလဲသတ်မှတ်လိုက်သော အနိမ့်ဆုံးလုပ်အားခ တစ်နေ့ ၂၂၆ ဘတ် ရရှိခဲ့သည့်
စက်ရုံဖြစ်ပြီး အဆိုပါ အထည်ချုပ် လိုင်းခေါင်းဆောင် (၅) ဦးသည် အခြားသာမန်အလုပ်သမားများနည်းတူ
လုပ်အားခ ရရှိခဲ့သည့်အတွက်ကြောင့် အလုပ်လုပ်ခဲ့သော နှစ်အလိုက် လက်ကျန် လုပ်အားခများကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။





0 comments:

Post a Comment