မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအပေါ် အိမ်ရှင်နိုင်ငံ က ကောင်းမွန်သော စောင့်ရှောက်မှု မပြုနိုင်သေးသရွေ့ ၂၀၁၅ အာဆီယံစီးပွားရေး ကွန်မြူနတီအဖြစ်ဖွင့်လှစ်ပါက အခက်တွေ့နေဦး မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေးအသင်း ကပြောပါသည်။ အမျိုးသားရေးဝါဒ ကိုပဲစွဲကိုင်နေရင် သို့မဟုတ် တပါးသူကိုရန်သူအဖြစ်မြင်နေရင် ၂၀၁၅ မှာ AEC ဖွင့်ရင်တော့အခက်တွေ့နေဦးမှာပဲ။ ကျမတို့နိုင်ငံကို ၁၀ နှစ်ကျော်ကြာ လာနေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများကို ကျမတို့နိုင်ငံက အလုပ်ရှင်တွေက ခုချိန်ထိ တန်းတူထား မဆက်ဆံချင် ကြတာကို တွေ့ရတယ်။ AEC ဖွင့်ပြီးနောက်ပိုင်းလဲကျမတို့နိုင်ငံထဲ ဒီလူတွေထပ်ဝင်လာအုံးမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံက မအေးချမ်းသေးဘူး။ ငြိမ်းချမ်းရေး တည်ဆောက်ပြီဆိုပေမဲ့ အပစ်ရပ်ပြီဆိုပေမဲ့ တိုက်ပွဲတွေဖြစ်နေသေးတယ်။ လယ်ယာမြေသိမ်းယူ မှုတွေရှိနေသေးတယ်လေ” ဟု ထိုင်းနိုင်ငံချင်းမိုင်မြို့ဟိုတယ်တစ်ခု၌ဆွေးနွေးပွဲကိုကမကထပြုကျင်းပသည့် MAP Foundation မှ တာဝန်ရှိပုဂ္ဂိုလ်တဦးက ပြောသည်။
၁- အင်ဂျင်နီယာ၊ ၂- ဆရာဝန်၊ ၃-
သူနာပြုဆရာမ၊ ၄- မြေတိုင်းအင်ဂျင်နီယာ၊ ၅-ဗိသုကာပညာရှင်၊ ၆- သွားဖက်ဆိုင်ရာဆရာဝန်၊
၇- စာရင်းကိုင် စသည့်ပညာရှင်အဆင့်လုပ်သား ၇ မျိုးကိုသာ
အာဆီယံ နိုင်ငံ အတွင်း လွတ်လပ်စွာပြောင်းရွှေ့ လုပ်ကိုင်စားသောက်ခွင့်ပေးမည်ဖြစ်ကြောင်း
အာဆီယံနိုင်ငံများက သဘောတူညီထားကြသည်ဟုဆိုပါသည်။
ရွှေ့ပြောင်းအလုပ်သမားတွေအတွက်
သူတို့မစဉ်းစားထားပေးဘူး။ သူ့နိုင်ငံကထုတ်ထား တဲ့ဥပဒေ အတိုင်းပဲသွားမယ်ဆိုတော့
ကျမတို့အလုပ်ရှင်နိုင်ငံတွေကတော့ စဉ်းစားပေးသင့်တယ်လို့ယူဆပါတယ်” ဟု အလုပ်သမားများကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်း MAP မှ မစ္စကန်ကျနာ ဒီအွတ်က ပြောပါသည်။
အာဆီယံ AEC ကာလ ရွှေ့ပြောင်းအလုပ်သမားများ၏အသံ မြင့်တင်ဖော်ဆောင်ပေးရန် သတင်းသမား များ နှင့်
လူမှုအဖွဲ့အစည်းများမှ လက်တွဲပူးပေါင်းကြရန်ဟူသည့် ဆွေးနွေးပွဲ၌ APWLD Asia
Pacific Forum on Women Law and Development မှ ပရနွမ်ဆုမ်ဝုန်းကလည်း
တိုးတက်ပြောင်း လည်းလာသည့်ခေတ် နှင့်အညီ ရွှေ့ပြောင်းအလုပ်သမားများ အပေါ်ထားသည့် သဘောထားကို လည်း
ပြောင်းလဲသင့်ကြောင်း၊ ဝန်ကြီးချုပ်ယင့်လပ်ရှင်နာဝပ်ဦးဆောင်သည့် အမျိုးသားလုံခြုံရေးကောင်စီ နာမည်အား
လူသားများ လုံခြုံရေးကောင်စီဟုပါပြောင်းသင့်ကြောင်းပြောကြားသည်။
စင်စစ် AEC ၏ ရည်ရွယ်ချက်မှာ (၁) ဆင်းရဲမွဲတေမှုလျှော့ချရေး၊
(၂) လူမှုစီးပွားရေးစနစ် ကွာဟနေမှု လျှော့ချရေး၊
(၃) ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေးလုပ်ငန်းများအား
ကာကွယ်မြင့်တင်ရေး ဟူ၍ဖြစ်သည်။
ထိုင်းနိုင်ငံချင်းမိုင်တွင်း၌ပင်
မြန်မာနိုင်ငံမှ ရောက်ရှိအလုပ်လုပ်နေသူရွှေ့ပြောင်းအလုပ်သမား ၈ သောင်း ထက် မနည်း ရှိနေပြီး
ချင်းမိုင်မြို့တွင်း (အမ်းဖေးမိန်း)နှင့်ဆက်စပ်မြို့နယ်များပါလျှင်
တစ်သိန်းခွဲ ထက်မနည်းရှိနေကြောင်း၊ ချင်းမိုင် ခရိုင် နယ်စပ်မြို့နယ်များရှိရွှေ့ပြောင်းအလုပ်သမားများပါဝင်ပါက
အလုပ်သမားပေါင်း သုံးသိန်းခန့်ရှိကြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များကပြောပါသည်။
ယခုနှစ်ဆန်းပိုင်းတိုင်းရင်းသားလက်နက်ကိုတပ်ဖွဲ့များ
အပစ်ရပ်စဉ်မှစ၍ နယ်စပ်သျှမ်းကူညီရေး အဖွဲ့စစ်တမ်းကောက်ယူမှုအရဖုန်၊ ချိုင်းပရကန်း၊ မယ်အိုင်း
သုံးမြို့နယ်အတွင်း သျှမ်းပြည်မှ ဝင်ရောက် လာသည့်လူဦးရေလစဉ် ပျှမ်းမျှ ၂၅၀ ထက်မနည်း
ရှိနေသေးကြောင်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင် ခရိုင်နယ်စပ်တလျှောက် တလလျှင်
၁၀၀၀ ထက်မနည်းရှိကြောင်း နယ်စပ်ကူညီရေး အသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။
Ref: သျှမ်းသံတော်ဆင့်









0 comments:
Post a Comment