ဒဂုံဆိပ်ကမ်း
စက်မှုဇုန်က
အလုပ်သမားအင်အား
၁၄၀၀ ကျော်ရှိတဲ့ အာရှာနဂါး အထည်ချုပ်စက်ရုံမှာ အလုပ်သမားအဖွဲ့၂ ဖွဲ့အချင်းချင်း ဒီနေ့မနက်ပိုင်းကစပြီး ဆန္ဒပြနေကြပါတယ်။
အဲဒီစက်ရုံမှာ
မိုးလင်း
ဦးဆောင်တဲ့
အလုပ်သမားအင်အား
၁ ထောင်ကျော်အဖွဲ့က ဥာဏ်လင်းအောင်ခေါင်းဆောင်တဲ့ အင်အား ၁၀၀ ကျော်အဖွဲ့ကို အလုပ်ထုတ်ပေးဖို့အော်ဟစ်တောင်းဆိုကြတယ်လို့ ဥာဏ်လင်းအောင် အလုပ်သမားအဖွဲ့က စက်ချုပ်သမားတဦးကပြောပါတယ်။
ဒီနေ့ ၇ နာရီ ၄၅ မှာ အလုပ်စဝင်တော့ အလုပ်ရှင်ဘက်ကဖွဲ့ထားတဲ့ ဥက္ကဌ မိုးလင်းက တိုင်ပေးတယ် ဥာဏ်လင်းအောင်အဖွဲ့ကို ဖြုတ်ပေးပါပေါ့။ အဲလိုဆန္ဒဖော်ထုတ်တယ်။
I Max တံဆိပ်၊ Giorenzo အမှတ်တံဆိပ် စတဲ့ အထည်တွေကို
ချုပ်လိုက်တဲ့ ဒီအာရှနဂါးအထည်ချုပ်စက်ရုံမှာ အရင်က အလုပ်သမား အဖွဲ့မရှိခဲ့တဲ့ ဥာဏ်လင်းအောင် ဦးဆောင်ဖွဲ့တဲ့ အလုပ်သမားအဖွဲ့ကနေ အလုပ်သမားတွေရဲ့ ကျန်းမာရေးပိုင်း ကိစ္စတွေကို တောင်းဆိုပေမယ့် အလုပ်ရှင် ထိခိုက်မယ့်ကိစ္စမျိုးကိုတော့ မတောင်းဆိုခဲ့ဖူးဘူးလို့ ဆက်ပြောပြပါတယ်။
စက်ရုံတရုံထဲမှာ
အလုပ်သမားအဖွဲ့
၂ ဖွဲ့ဖြစ်နေပြီး အလုပ်ရှင် နောက်ခံပြုထားတယ်လို့ ပြောလို့ရပေမယ့် မိုးလင်း ဦးဆောင်တဲ့ အလုပ်သမားအဖွဲ့မှာ စူပါလို့ခေါ်ကြတဲ့ လိုင်းကြပ်တွေပါဝင်ကြပြီး သူတို့အဖွဲ့ထဲကိုသာ ဝင်ကြဖို့အခွင့်အရေး မက်လုံးပေးတာ ခြိမ်းခြောက်တာမျိုးတွေနဲ့ ဆွဲဆောင်စည်းရုံးကြတယ်လို့ ဆိုပါတယ်။
အလုပ်ရှင်ဘက်မှမကြိုက်ဘူး။
ဒီအဖွဲ့လည်း
အဲလိုဖြစ်လာရော
သူတို့က မဲဆွယ်တယ်၊ ခြိမ်းခြောက်တယ်။ အခု ငါတို့အဖွဲ့ထဲ မဝင်ရင် ချေးငွေမပေးတော့ဘူးပေါ့။ ညီမတို့က တပတ်တခါ ချေးငွေ ၅ ထောင်ပေးတယ်လေ။
ဥာဏ်လင်းအောင်အဖွဲ့က
လူတွေကိုတော့
ချေးငွေမပေးဘူး။
တယောက်နဲ့တယောက်
ကို ရန်တိုက်ပေးတာ၊ ဥာဏ်လင်းအောင်အဖွဲ့က နင်တို့ကို ဘာပြောတာ၊ ဘာလုပ်တာ၊ ငါတို့ဘက်က ဘယ်လိုကာကွယ်ပေးနိုင်တယ်။ ငါတို့အဖွဲ့ကိုဝင်စသဖြင့်ပေါ့။
အလုပ်သမားအချင်းချင်း
အလုပ်ထုတ်ပစ်ခိုင်းတဲ့အထိ
ဆန္ဒပြုမှုဟာ
အလုပ်ရှင်ဟာ
အလုပ်သမားတွေ
အချင်းချင်းကြား
သွေးခွဲတဲ့အတွက်
ဖြစ်ရတာတို့
အဲဒီကိုရောက်ရှိနေတဲ့
အလုပ်သမားရေးရာ
ကူညီဆောင်ရွက်ပေးတဲ့
ကိုထိန်လင်းကပြောပါတယ်။
အလုပ်သမားသမဂ္ဂဖွဲ့တဲ့
ရေစီးကြောင်းက
ဒီအချိန်မှာ
အရှိန်အဟုန်နဲ့ဆင်းလာတာ။
ဒါကို မမှန်ကန်တဲ့နည်းတွေနဲ့ အလုပ်ရှင်က တားဖို့ကြိုးစားတာ။ မလိုလားအပ်တဲ့ ပြဿအကြီးကြီးကိုဖန်တီးတာပဲ။ အလုပ်သမဂ္ဂကလေးတွေ ညှိညှိနှိုင်းနှိုင်းနဲ့နေလိုက်ရင် ဘာပြဿနာမှမရှိဘူး။ ဒီကလေးတွေ မရှိရေးကို ဦးတည်ပြီး နည်းမျိုးစုံနဲ့တိုက်တာ။ နောက်ဆုံး တိုက်တာကတော့ အလုပ်သမားအချင်းချင်း မျက်နာချင်းဆိုင် သွေးထွက် မှုတွေဖြစ်အောင် တိုက်တဲ့နည်းပဲ။
အလုပ်သမားချင်း
ဆန္ဒပြမှုတွေကို
ဖြေရှင်းပေးဖို့
မြို့နယ်
အလုပ်သမားဦးစီးဌာနမှ
ဦးစီးအရာရှိဦးစောစိုးတင့်၊
အာရှနဂါး
အထည်ချုပ်စက်ရုံပိုင်ရှင်
ဦးမြတ်ကိုရဲ့
မိခင် ဒေါ်ဝင်း၊ မြို့နယ်အန်အယ်ဒီအမတ် ဦးမျိုးအောင် တို့ ရောက်ရှိဆွေးနွေးနေကြပြီး အခုချိန်ထိ ပြေလည်မှုမရသေးဘူးလို့ပြောပါတယ်။
0 comments:
Post a Comment