မြန်မာနိုင်ငံနှင့်
ထိုင်းနိုင်ငံနယ်စပ်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထောင်ပေါင်းများစွာသော
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင်ကိုင်ဆောင်ထားသော
ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ်များရှိသော်လည်း
မဲဆောက်မြို့မှထွက်ခွာ၍ အခြားနေရာများသို့သွားရောက် အလုပ်လုပ်ကိုင်ခြင်းများ
ပိတ်ပင်တားမြစ်ခြင်းခံနေရပါသည်ဟု ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာလူ့အခွင့်အရေးလှုပ်ရှားသူများက ပြောပါသည်။
မဲဆောက်မြို့ရှိ စက်ရုံပိုင်ရှင်များသည် ဒေသခံထိုင်းအာဏာပိုင်များနှင့်ပူးပေါင်းပြီး
မဲဆောက်မြို့မှထွက်ခွာ၍ ထိုင်းနိုင်ငံရှိအခြားဒေသများသို့
သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊
ခရီးသွားလာခြင်းများကို ပြုလုပ်နေသော အလုပ်သမားများကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်နေကြပါသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ဆောင်ရွက်ပေးနေသော
မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ပြောပါသည်။
ယခုဆိုလျှင်
ထိုင်းရဲအရာရှိများဘက်မှာ အလုပ်သမားများအပေါ်တားဆီးပိတ်မှုများမှာ ၆ လကျော်ကြာမြင့် နေပြီဖြစ်သည်။
ထိုသို့လုပ်ရခြင်းအကြောင်းအရင်းမှာ အလုပ်ရှင်များဘက်မှ
တိုက်တွန်းမှုကြောင့်ဖြစ် ကြောင်းသိရပါသည်။ အခုလက်ရှိ တရားဝင်ထုတ်ပြန်ထားချက်အရ
မဲဆောက်မြို့တွင် တရားဝင်စာရင်းပေး ထားသော ရွှေ့ပြောင်းအလုပ်သမားအရေအတွက်မှာ ၎
သောင်းခန့်ရှိပြီး ၎င်းတို့၏တစ်နေ့လုပ်အားခမှ ထိုင်းနိုင်ငံဥပဒေအရ အနိမ့်ဆုံးလုပ်အားခ
၂၂၆ ဘတ်မရရှိပဲ ဘတ် ၆၀ မှ ၁၀၀ အကြားသာ ရရှိနေကြပါ သည်။
“အဆိုပါ အလုပ်သမားများ၏ ပြဿနာများကိုဖြေရှင်းနိုင်ဖို့ရာ
ထိုင်းလုပ်ငန်းရှင်များဘက်မှ သင့်တင့်မျှတ သောလုပ်အားခကိုပေးသင့်ကြောင်း၊ ယခုတွင်
၎င်းတို့ရသင့်ရထိုက်သည့် လုပ်အားခ၏တစ်ဝက်မျှ သာရရှိ ကြောင်း” ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေကပြောပါတယ်။
“ထိုင်းနိုင်ငံ ဥပဒေအောက်မှာဆိုရင်
လက်မှတ်ရှိသော ရွှေ့ပြောင်းအလုပ်သမားဟာ ထိုင်းနိုင်ငံအတွင်းမှာပဲ
လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်ပိုင်ခွင့်ရှိပါတယ်။ ထိုင်းနဲ့
ရွှေ့ပြောင်းအလုပ်သမားများကြားမှာလည်း လွတ်လပ်စွာခရီးသွားလာနိုင်တဲ့
အခွင့်အရေးတွေကို သဘောတူညီမှုအာမခံချက်များ ရယူခဲ့ပြီးဖြစ် ပါတယ်။
ကျတော်သိသလောက်ကတော့ အဲဒီလို ကန့်သတ်ပိတ်ပင်ထားခြင်းဟာလည်း
မဲဆောက်မြို့တစ်မြို့ထဲပဲဖြစ်နေပါတယ်။ အဲ့ဒါကြောင့် အလုပ်သမားတွေက
မဲဆောက်ကနေထွက်ခွာပြီး သင့်တော်တဲ့လုပ်အားခရရှိဖို့အတွက် အခြားနေရာများကိုပြောင်းရွှေ့ဖို့ကြိုးစားနေခြင်းဖြစ်တယ်”ဟု သူကပြောပါတယ်။
လူ့အခွင့်အရေးများဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ
အကြံပေးအရာရှိတစ်ဦးဖြစ်သူ၊ ဘန်ကောက်မဟီဒေါတက္ကသိုလ်မှ
နိုင်ငံခြားရေးဆိုင်ရာကျွမ်းသူတစ်ယောက်လည်းဖြစ်သူ အန်ဒီ ဟောလ် ပြောပြချက်အရ
အလုပ်သမားရှားပါးမှုဖြစ်ပေါ်ရခြင်းအကြောင်းအရင်းမှာ ပြဿနာအသစ်များပါဝင်နေပြီး
မဲဆောက်မြို့တွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ဆယ်စုနှစ်ကြာ
တည်ရှိနေခြင်း ကြောင့်ဖြစ် ကြောင်း၊ အဆိုပါလုပ်ရပ်သည် စည်းကိုက်ဝါးကိုက်
ကြိုတင်စနစ်တကျစီမံထားသော စီမံကိန်းတစ်ရပ်ဖြင့် ဆယ်စုနှစ်များစွာ ရွှေ့ပြောင်းအလုပ်သမားများအပေါ်
ချိုးဖောက်နေခြင်းသာဖြစ်ပါကြောင်း ဖြေကြားခဲ့ ပါတယ်။
“မဲဆောက်ထုတ်ကုန်လုပ်ငန်းများနဲ့ အလုပ်သမားအများစုရှိတဲ့
စက်ရုံတွေဟာ ကမ္ဘာမှာ
ဗြောင်ကျကျ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရဆုံးနေရာတစ်ခုဖြစ်နေတယ်။ အများစုမှာ
မြန်မာရွှေ့ပြောင်းအလုပ် သမားတွေဖြစ်ကြတယ်”။
ထို့အပြင်
မဲဆောက်မြို့ရှိ တရားမဝင်မြန်မာအလုပ်သမားအရေအတွက်စာရင်းမှာ ခန့်မှန်းခြေ အနည်းဆုံး
တစ်သိန်းရှိပြီး အများစုမှာ တစ်နေ့ဝင်ငွေပျမ်းမျှအားဖြင့် ဘတ်၃၀ နှင့် ၆၀
ကြားအတွင်းသာ ရရှိနေကြပါ တယ်။ မဲဆောက်မြို့သည် ထိုင်းနိုင်ငံအတွင်းရှိအခြားဒေသများထက်
အစေခံအလုပ်သမားများ၊ အဓမ္မ စေခိုင်းခံရသောအလုပ်သမားများ နှင့် ကလေးအလုပ်သမားများ
ပေါများသည့် နေရာတစ်ခုဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများကပြောသည်။
"တစ်ချို့အလုပ်သမားတွေ အလွန်နည်းတဲ့
လုပ်ခလစာတွေကို ဥပဒေနှင့်မညီပဲဖြတ်တောက်ခံနေရချိန်မှာ တချို့ဆိုရင် လစာလုံးဝမရပဲရှိနေကြပါတယ် "။
“မဲဆောက်မှာဖြစ်ပေါ်နေတဲ့အခြေအနေက ယေဘုယအားဖြင့်
လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ထိုင်းဘက်က ချိုးဖောက်မှုတွေကိုဆက်လက်လုပ်ဆောင်ဖို့
မရိုးသားတဲ့ကြိုးစားမှုတွေ တော့ရှိနေဦးမှာပဲ”
ဟု ဟောလ်ကပြောသည်။
“ထိုင်းအလုပ်ရှင်တွေဘက်က အလုပ်သမားတွေအပေါ် နည်းမျိုးစုံခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ကြိုးစား နေသ၍ ဒီပြဿနာတွေကို အဖြေရှာထုတ်နိုင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ခရီးသွား လာခွင့်ကို ပိတ်ပင်တားမြစ်ထားတောင်မှ အလုပ်သမားတွေကတော့ ဘန်ကောက်ကိုသွားမြဲသွားနေမှာပဲ”လို့ ဦးမိုးဆွေ ကပြောပါတယ်။
Ref: ဧရာဝတီ
0 comments:
Post a Comment