ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် Golden Day အထည်ချုပ်အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွက် လစာရရှိရေး တောင်းဆိုဆန္ဒပြနေကြပါတယ်။ Golden Day အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၂၅၀ ရှိတဲ့အထဲက ၁၀၀ လောက် စက်ရုံဝင်းအတွင်းမှာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာစက်ရုံ တာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်းမပေးဘူးလို့ အလုပ်သမားတွေက ပြောပါ တယ်။ နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ လစာရှင်းပေးမယ်လို့ စက်ရုံ စာရေးမတွေက ပြောဆိုခဲ့ပေမယ့် မရကြသေးဘူးလို့ ဆိုပါတယ်။ အလုပ်သမားတွေဟာ နေ့ရောညပါ ဆန္ဒပြနေကြတာ ဖြစ်ပြီး ဒီနေ့ဆိုရင် ၄ ရက်ရှိပြီ ဖြစ်ပါတယ်။
0 comments:
Post a Comment