Monday, December 17, 2012

၅ ကြိမ်မြောက် အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အသက်မွေးဝမ်း ကျောင်းသင်တန်းအဖြစ် စက်ချုပ်သင်တန်းတစ်ခုအား ၅ ရက်တာဖွင့်လှစ်သင်ကြားပေးခဲ့သည်ဟု သိရှိရသည်။ အဆိုပါအသက်မွေးဝမ်းကျောင်းသင်တန်းအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသားစုစုပေါင်း ၇ ဦးအား သင်ကြားပေးခဲ့သည်ဟု သိရှိရပြီး သင်တန်းတက်ရောက်ခဲ့သူ တစ်ဦးအားမေးမြန်းခဲ့ရာတွင် ပထမဦးဆုံးပြောချင်တာကတော့ ကျနော်တို့လိုမြန်မာပြည်သားတွေကို စက်ရုံတွေမှာ အလုပ်လုပ်ရင် အခက်အခဲမဖြစ်ရလေအောင် အခုလိုအသက်မွေးဝမ်းကျောင်းသင်တန်းတွေပေးနေတဲ့ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကိုကျေးဇူးတင်ပါတယ်။ အခုမှာ မြန်မာပြည်ကတက်လာတဲ့လူတွေကိုလည်း အခုလိုသင်တန်းတွေကိုတက်စေချင်တယ်” ဟုဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အဆိုပါ အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား မေးမြန်းခဲ့ရာတွင် သင်တန်းဆရာမဖြစ်သူမှ “ မြန်မာပြည်ကအခုမှထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့အတွက်စက်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် မိမိတို့လုပ်ကိုင်မဲ့လုပ်ငန်းတွေမှာကျွမ်းကျင်မှုရှိသွားအောင်ရယ်၊ အခုသင်တန်းမှာ တွေ့ဆုံခဲ့ရတဲ့ အလုပ်သမားမောင်နှမတွေအချင်းချင်းလည်း စည်းလုံးမှု၊ ညီညွတ်မှုလေးလည်းရသွားစေချင်တယ်” ဟုသင်တန်းပေးရခြင်းရည်ရွယ်ချက်ကိုပြန်လည်ဖြေကြားခဲ့ပါသည်။ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် မဲဆောက်နှင့် ထိုင်းနိုင်ငံတစ်ခွင်၌ရွှေ့ပြောင်းအလုပ်သမားများအလုပ်အကိုင်လွယ်ကူစွာရှာဖွေလုပ်ကိုင်နိုင်ရန်အတွက်အသက်မွေးဝမ်းကျောင်းသင်တန်းအဖြစ်စက်ချုပ်နှင့် သိုးမွေးစက်ဆွဲ သင်တန်းများအားဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီးယခုသင်တန်းသည် ၂၀၁၂ ခုနှစ်အတွင်း ၅ ကြိမ်မြောက်ဖွင့်လှစ်သင်ကြားပေးသောအသက်မွေးဝမ်းကျောင်းသင်တန်းဖြစ်သည်ဟုသိရှိရသည်။

0 comments:

Post a Comment