Friday, December 21, 2012

မဲဆောက်မြို့ ကပ်ဘီဘန်းရပ်ကွက်ရှိ အထည်ချုပ်စက်ရုံလူနေဆောင်များ မီးလောင်ကျွမ်းမှုဖြစ်ပွား

SPT KNITTING CO.LTD မြန်မာအခေါ် ပေါင်မုန့် စက်ရုံ လူနေဆောင်များ ၂၀.၁၂.၂၀၁၂ ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးသည် နေ့လည်ခင်း ၂း၃၀ မိနစ်အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့၍ စက်ရုံအပြင်ဘက် လူနေဆောင် အခန်းပေါင်း ၃၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး လူအသေအပျောက်မရှိဟု သိရှိရသည်။ ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ထောင်ချီနီးပါး နေစရာမရှိတော့ဘဲ လက်ရှိ လယ်ကွင်းများထဲတွင် နေထိုင်နေရသည်ဟု သိရှိရသည်။  မဲဆောက်မီးသတ်ဌာနမှ မီးသတ်ကားများ လာရောက် မီးငြိမ်းသတ်ခဲ့ပြီး ညနေ နာရီကျော်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အခက်အခဲဖြစ်လျက်ရှိသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ကူညီရန်အတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မဲဆောက်အခြေစိုက်လူမှုအဖွဲ့အစည်းများ အန်ဂျီအိုများမှ လုပ်ဆောင်လျက် ရှိသည်ဟု သိရှိရသည်။


 SPT KNITTING CO.LTD မြန်မာအခေါ် ပေါင်မုန့်စက်ရုံ လူနေဆောင်များ မီးလောင်ကျွမ်းမှုဖြစ်ပွားပုံ

 
Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket

0 comments:

Post a Comment