Thursday, December 20, 2012

လက်မှတ်မရှိသူတွေ မဖမ်းပဲ ထိုင်းကဆိုင်းထားမယ်

ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေထဲက တရားဝင်လက်မှတ်မရှိတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက မဖမ်းဆီးသေးပဲ ၃ လလောက် ရပ်ဆိုင်းထားပေးဖို့ စဉ်းစားဆောင်ရွက်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံသားအများစုပါဝင်တဲ့ ထိုင်းနိုင်ငံက နိုင်ငံခြားအလုပ်သမားတွေထဲက အလုပ်လုပ်ခွင့်လက်မှတ်မရှိတဲ့သူ နိုင်ငံကူးလက်မှတ်မရှိတဲ့သူတွေဟာ လွန်ခဲ့တဲ့ ၁၄ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်အလုပ်လုပ်ခွင့်တွေမရှိတော့ဘူး။ အဲဒီလို ထိုင်းနိုင်ငံမှာလက်မှတ်မရှိတော့တဲ့သူတွေထဲမှာ မြန်မာနိုင်ငံသားက တစ်သန်းလောက်ရှိပြီးလောနဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေက သိန်းချီရှိမယ်လို့ခန့်မှန်းပြောဆိုမှုတွေရှိပါတယ်။ အဲဒီအလုပ်သမားတွေကို အဓမ္မဖမ်းဆီးပြီး နယ်စပ်ကိုပြန်ပို့မယ်ဆိုရင် အလုပ်သမားတွေလည်းအခက်အခဲရှိမယ်။ ဒါကြောင့်ထိုင်းနိုင်ငံအတွင်းမှာ မြန်မာအစိုးရက နိုင်ငံကူးလက်မှတ်ထုတ်ပေးချင်တယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်က ထိုင်းဝန်ကြီးချုပ်ယင်လတ်ခ် ချင်နဝပ်မြန်မာနိုင်ငံကိုသွားတုန်းက သမ္မတဦးသိန်းစိန်က ဒီအလုပ်သမားအရေးကိုလည်း ပြောကြားခဲ့တယ်လို့သိရပါတယ်။ ဒီလိုသာဖမ်းပို့ရင် ထိုင်းစီးပွားရေးကိုလည်း အနှောက်အယှက်ဖြစ်နိုင်တယ်လို့ထိုင်းကုန်သည်ကြီးများအသင်းကပြောပြီး ဖမ်းဆီးမှုတွေကို ယာယီရပ်ဆိုင်းထားဖို့ထိုင်းအစိုးရကိုတောင်းဆိုခဲ့သည်။ ၃လလောက်အချိန်ပေးပြီး အလုပ်သမားပြဿနာဖြေရှင်းဖို့က ဘယ်ပုံစံနဲ့လုပ်မယ်၊ ဥပဒေအကြောင်းအရလုပ်လို့ရမယ်မရဘူးဆိုတာတွေကို သက်ဆိုင်တဲ့အစိုးရဝန်ကြီးဌာနတွေ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ရဦးမယ်၊ မကြာခင်မှာ အတိအကျ ပြောနိုင်လိမ့်မယ်။ ဒါ့အပြင်လက်မှတ်မဲ့သူတွေကိုဖမ်းဆီးမှု ၃ လလောက်ရပ်ဆိုင်းပေးထားပေးဖို့ အလုပ်သမားဝန်ကြီးဌာနက စဉ်းစားဆောင်ရွက်နေတယ်လို့ ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်ကရှင်းပြခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက်လက်မှတ်မဲ့ အလုပ်သမားအရေးဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူး။ ပြီးခဲ့တဲ့ကာလတုန်းကတော့ မြန်မာအလုပ်သမား ၁၂ သိန်းကျော်ကိုမြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်တွေထုတ်ပေးထားခဲ့ပြီးဖြစ်ပါသည်။ တခါ မြန်မာနိုင်ငံကနေ အခုမှာ ထိုင်းကိုလာအလုပ်လုပ်မယ့်သူတွေကတော့ အမ်အိုယူ သဘောတူညီချက်အရ နိုင်ငံကူးလက်မှတ်နဲ့လေယဉ်နဲ့ဖြစ်ဖြစ်၊ နယ်စပ်က ဖြစ်ဖြစ် လာရောက်အလုပ်လုပ်ခွင့်ရှိပါတယ်။ အဲဒီလိုတရားဝင်လာတော့ ခိုးဝင်လာတာထက်အန္တရာယ်ကင်းပြီးကုန်ကျစရိတ်လည်းသက်သာတယ်လို့ အလုပ်သမားအရေးလုပ်ဆောင်နေသူတွေကပြောကြပါတယ်။ Credit to BBC

0 comments:

Post a Comment