Tuesday, December 11, 2012

MITU အတွင်း ရေးကို FTUB ၀င်ရောက် နှောင့်ယှက် နေဟု စွပ်စွဲ

ဤကဲ့သို့ ၀င်ရောက် နှောင့်ယှက် နေသဖြင့် မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမားများ သမဂ္ဂ (MITU) ၏ ဥက္ကဋ္ဌ နှင့်ဗဟို အလုပ်အမှုဆောင် (၂) ဦး အား ပြီးခဲ့သည့်ဒီဇင်ဘာ (၈) ရက် နေ့က MITU အဖွဲ့မှ တာဝန် ရပ်ဆိုင်း လိုက်ရ သည်ဟု အတွင်းရေးမှူး ဦးအောင်သူ မှပြောသည်။ “ဆုံးဖြတ် ချက်အရ အရေးယူ တာပါ။ ကျနော်တို့ အစု အဖွဲ့ဟာ လွတ်လပ်တယ်၊ ဘယ်အစု အဖွဲ့ရဲ့ လက်အောက်မှ မဟုတ် သလို ဘယ် နိုင်ငံရေး အစု အဖွဲ့ နဲ့မှ မပတ်သက်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက် ရှိပါတယ်။ အဲဒီ ဆုံးဖြတ် ချက်ကို မလိုက် နာဘဲ မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ဆွယ်တဲ့ နောက်ကို လိုက်ပြီး သူတို့ ကျင်းပတဲ့ အစည်း အဝေးကို တက်တဲ့ အတွက် ဆုံးဖြတ်ချက် စည်းကမ်း ချိုးဖေါက်မှုနဲ့ MITU အဖွဲ့ကနေ တာဝန် ရပ်စဲ လိုက်ရ တာပါ” ဟုဆိုပါသည်။ (MITU) ဥက္ကဋ္ဌ ဦးရဲကျော် သူတို့သည်၊ FTUB နှင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) အပါဝင် ကမ္ဘာလုံး ဆိုင် ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ် (Global Unions Federations) တို့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းကြောင့် အရေးယူခံရခြင်းဖြစ် ပါသည်။ ထိုအစည်းအဝေးကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၆) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင် များအသင်းချုပ် (UNFCCI) ရုံးချုပ်၌ တွေ့ဆုံ ကြပါသည်။ MITU ဥက္ကဋ္ဌ ဦးအောင်သူသည် FTUB ကျင်းပသော ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၄) ရက်နေ့၌ ကျင်းပသော MITU အလုပ် အမှုဆောင် ဆွေးနွေးပွဲတွင် ကိုယ်တိုင် တက်ရောက်ပြီး ဆုံးဖြတ် ထားပါသည်။ ထိုဆုံးဖြတ်ချက်ကို ချိုးဖေါက်သူများမှာ ဥက္ကဋ္ဌ ဦးရဲကျော်သူ တွဲဖက် အတွင်းရေးမှူး ဦးဇင်မင်းသိုက်၊ ကိုတက်နေအောင်နှင့် အလုပ် အမှု ဆောင် သုံးဦးဖြစ်ပြီး ၄င်းတို့ကို MITU ၏ အလုပ်အမှုဆောင်များအပါဝင်အဖွဲ့ စည်းကမ်းထိမ်းသိမ်းရေး ကော်မီတီက ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု အတွင်းရေးမှူး ဦးအောင်သူမှ ပြောပါသည်။ “အဲဒီလို ထုတ်လိုက်တာနဲ့ မှော်ဘီဘက်က ဦးရဲကျော်သူကို ထောက်ခံတဲ့ အခြေခံသမဂ္ဂသုံးခုဟာ ကျွှန်တော်တို့ MITU ကနေ ခွဲထွက်ပြီး FTUB နဲ့ ပူးပေါင်း မယ်လို့ ကိုရဲကျော်သူကပြောပါတယ်” ဟု ဦးအောင်သူမှ ဆိုပါသည်။ MITU အဖွဲ့ထဲ၌ အစိုးရ မှတ်ပုံတင် ရထားသည့် အခြေခံ သမဂ္ဂပေါင်း (၁၂) ဖွဲ့ရှိပြီး မှတ်ပုံတင် ထားဆဲ အခြေခံ သမဂ္ဂ ပေါင်း (၈) ခုရှိရာ စုစုပေါင်း အခြေခံ သမဂ္ဂပေါင်း (၂၀) ခန့်ရှိပါသည်။ ဤအထဲမှ အခြေခံသမဂ္ဂ (၃)ခု ကွဲထွက် သွားခြင်း ဖြစ်ပါသည်။ ဥက္ကဌ ဦးရဲကျော်သူနှင့် အဖွဲ့ကို အရေးယူရန် ဆုံးဖြတ်မည့် MITU ၏ အရေးပေါ် စည်းကမ်း ထိမ်းသိမ်းရေး ကော်မီတီ အစည်းအဝေးသို့ FTUB ကိုယ်စားလှယ်များ တက် ရောက်နိုင်ရန် ကြိုးစား ခဲ့သော်လည်း တက်ရောက်ခွင့် မရခဲ့ပေ။ MITU သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) နှင့် ညီအစ်ကို သမဂ္ဂ ဖြစ်ပါသည်။ AFFM ဥက္ကဌဟောင်း ဦးသန်းဆွေ သည်လည်း အဖွဲ့၏ ဆုံးဖြတ်ချက်ကို မလိုက် နာဘဲ FTUB နှင့် ပူးပေါင်း ဆောင်ရွက် သဖြင့် အဖွဲ့မှ တာဝန် ရပ်စဲ လိုက်ပါသည်။ အလားတူ ကျောင်းဆရာများ သမဂ္ဂ (PTU) ဥက္ကဌ သည်လည်း မရေမရာ အခြေအနေ ဖြစ်လာ နေသလို စာပေ၊ သတင်းစာ၊ စာနယ်ဇင်းနှင့် ပုံနှိပ် ထုတ်ဝေရေး လုပ်သား အင်အားစု (JPPWU) အဖွဲ့ အတွင်း ၌လည်း အခြေအတင် ပြောဆို မှုများ ဖြစ်လာခဲ့ သည်ဟု ဆိုပါသည်။ FTUB သည် အစိုးရ တရားဝင်အသိအမှတ်ပြုထားသော အဖွဲ့အစည်းမဟုတ်ပေ။ FTUB ဒုဥက္ကဌနှင့် အထွေထွေ အတွင်းရေးမှူး ဦးမောင် မောင်တို့သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ (PC) နှင့် နားလည်မှု ယူပြီး ပြည်တွင်း၌ လှုပ်ရှား နေသော်လည်း FTUB အဖွဲ့ကိုမူ မတရား အသင်းအ ဖွဲ့အဖြစ် တည်ရှိ နေဆဲ ဖြစ်ပါသည်။ ပြည်တွင်း သမဂ္ဂ များသည်လည်း လွတ်လပ်စွာ ရပ်တည် နေပြီး၊ ဒီမိုကရေစီ အခြေခံဖြင့် အစိုးရမှ ချမှတ် ထားသော ဥပဒေ ဘောင်အတွင်း၌ တရားဝင် ဖွဲ့စည်း ထားသော အဖွဲ့များ ဖြစ်ပါသည်။ ဤကဲ့ သို့သော တရားဝင် နေမှုကို မတရား အသင်း အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက် လိုခြင်း မရှိကြောင်း သမဂ္ဂ များက ဆိုပါသည်။ Credit to PNS

0 comments:

Post a Comment