ယနေ့ ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ စင်ထရယ်ဟိုတယ်၌ လူကုန်ကူးမှုနှင့် ကလေးအလုပ်သမားခိုင်းစေခြင်း ပြဿနာ စီမံကိန်းရှင်းလင်းပွဲတစ်ခုအား ပြုလုပ်ခဲ့သည် ဟုသိရသည်။
အဆိုပါ လူကုန်ကူးမှုနှင့်ကလေးအလုပ်သမားခိုင်းစေခြင်းပြဿနာ စီမံကိန်းသို့ ထိုင်းနိုင်ငံ အလုပ်သမား ဒုတိယ၀န်ကြီး၊ တာ့ခရိုင်ဝန်၊ အလုပ်သမားဖူလုံရေးနှင့် ကာကွယ်ရေး (ဆ၀ပ်ဒီကန်) ညွှန်ကြားရေးမှူးချုပ်၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားထိုင်းအစိုးရ အာဏာပိုင်များနှင့်အတူ ထိုင်းလုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ မဲဆောက်အခြေစိုက် အဖွဲ့အစည်းများနှင့် သတင်းဌာနများမှ တက်ရောက်ခဲ့ကြသည် ဟုသိရသည်။
ထိုင်းနိုင်ငံ
အလုပ်သမား ဒုတိယ၀န်ကြီးက ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှုဆိုင်ရာ အခြေအနေများနှင့်
ထိုင်းနိုင်ငံသည် လူကုန်ကူးမှုနှင့်ပတ်သက်၍ အုပ်စု ၂ အဖြစ် စောင့်ကြည့်ခြင်းခံရသည့် အုပ်စုတွင် တတိယနှစ်အထိ ဆက်တိုက်ပါဝင်နေခြင်းအပေါ်
ရှင်းလင်းပြောကြားသွားခဲ့ပြီး ကလေးအလုပ်သမား ကိစ္စနှင့် အဓမ္မခိုင်းစေမှုများ ရွှေ့ပြောင်းအလုပ်သမားများအတွက်
မှန်ကန်စွာဆောင်ရွက်နိုင်ရန် ပြောကြားသွားခဲ့သည်။ ဆက်လက်၍ အဓမ္မခိုင်းစေမှုများကြောင့်
ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များနှင့် ကလေးအလုပ်သမားခိုင်းစေခြင်းကြောင့်
ယနေ့ ထိုင်းနိုင်ငံ၏ စီးပွားရေးအား ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။
အရေးကြီးသည့်အချက်အနေဖြင့်
အဓမ္မခိုင်းစေမှုများ၊ ကလေးအလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် စနစ်တွင်း၊
စနစ်ပြင်ပအလုပ်သမားများနှင့် ပတ်သက်နေကြောင်း အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ
ကိစ္စဖြစ်ကြောင်း ယခုကဲ့သို့ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ၏ရည်ရွယ်ချက်မှာ စနစ်တွင်းနှင့်
စနစ်ပြင်ပအလုပ်သမားများ အလုပ်သမားဥပဒေ၏ အခွင့်အရေးများကို ရရှိစေရန် ဆောင်ရွက်ခြင်း၊
အလုပ်သမားများ အခွင့်အရေးနှင့် ပတ်သက်၍ အရည်အချင်းရှိသော သတ်မှတ်ချက်များအတိုင်းစီမံ၍
အပြည်ပြည်ဆိုင်ရာမှ လက်ခံနိုင်သည့် အလုပ်သမား
အခွင့်အရေး သတ်မှတ်ချက်များအတိုင်း အာမခံချက်ပေးနိုင်ရန် အလုပ်ရှင်များအား အကြံပြုမှုများကို
ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်
ဇန်န၀ါရီလ မှ စတင်၍ အလုပ်သမားများအား တစ်နေ့လျှင် လုပ်အားခ ဘတ် ၃၀၀ ပေးချေရမည်ဖြစ်ပြီး
လူကုန်ကူးမှုနှင့် ကလေးအလုပ်သမားခိုင်းစေမှုများ ဖြစ်ပွားနေသည့် တာ့ခ်ခရိုင်တွင် အဆိုပါ
လုပ်အားခအား ပေးချေမည်ဆိုလျှင် တာ့ခ်ခရိုင်အတွင်းရှိ အလုပ်သမားများ ထိုင်းနိုင်ငံ အခြားဒေသများသို့
သွားရောက်အလုပ်လုပ်ကိုင်စရာမလိုတော့ဘဲ လူကုန်ကူးမှုနှင့် ကလေးအလုပ်သမားခိုင်းစေမှုများလည်း
လျော့ကျသွားမည်ဖြစ်သည်။
0 comments:
Post a Comment