Thursday, June 20, 2013

ထိုင်းက ဖမ်းထားသူတွေ မြန်မာပြည်က ဟုတ်မဟုတ် စစ်ဆေးမယ်





ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပြီး မြန်မာနိုင်ငံကလို့ ဆိုနေတဲ့ မွတ်ဆလင် ၂၀၀၀ ကျော်ကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးနောက် မြန်မာအစိုးရဘက်က လုပ်ဆောင်သွားမယ်လို့ ဘန်ကောက်ရှိ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
အခုအဖမ်းခံထားရသူတွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားပြီးခဲ့ နောက်ပိုင်းကာလတွေမှာ ထိုင်းနိုင်ငံကို လှေစီးပြီး ရောက်လာတဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံက လ်ာသူတွေ ဟုတ်မဟုတ် စစ်ဆေးသွားမယ်ဆိုတာကို မြန်မာသံရုံးကနေ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကို ဒီသီတင်းပတ် အစောပိုင်းကပဲ ကတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူဝင်မှုကြီးကြပ်ရေး လ၀ကရဲ့ အကူအညီနဲ့ အမြန်ဆုံး စစ်ဆေးသွားမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံး သံအမတ်ကြီး ဦးတင်ဝင်းက ဘီဘီစီကို ပြောပါတယ်။
တကယ်လို့ မြန်မာနိုင်ငံက လာတဲ့သူတွေဖြစ်ရင်လည်း သူတို့ကို အရေးယူဖို့ မရှိသလို ကျန်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း အရေးယူမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံက လာတဲ့သူတွေဖြစ်ခဲ့ရင် မြန်မာနိုင်ငံကို ပြန်ပို့ မပို့ဆိုတာလည်း ကာယကံရှင်တွေရဲ့ ဆန္ဒကို မေးမြန်းပြီးမှသာ ဆုံးဖြတ်မယ့်အကြောင်း သံအမတ်ကြီးက ပြောပါတယ်။
 Credit BBC

0 comments:

Post a Comment