 ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အနေဖြင့် မြန်မာ့အာမခံ လုပ်ငန်းမှ ချမှတ်ထားသော စည်းကမ်းချက်များကို မလိုက်နာပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
"ကျွန်တော်တို့ အနေနဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်နေပါတယ်။ အကယ်၍ စည်းကမ်းမလိုက်နာဘူးဆိုရင် ကနဦး အနေနဲ့ ပညာပေးမယ်။ အဲဒီနောက်မှာ အရေးယူသွားဖို့ ရှိတယ်။ စည်းကမ်းချက်တွေကို ဖောက်ဖျက်ရင် နောက်ဆုံးအနေနဲ့ လိုင်စင်ပိတ်သိမ်းဖို့အထိ ဆောင်ရွက်သွားပါမယ်" ဟု ၎င်းကဆိုသည်။
ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အနေဖြင့် မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့ (IBSB) မှ သတ်မှတ်ထားသော ပရီမီယံ နှုန်းထားများကိုသာ ကောက်ခံရမည်ဖြစ်ပြီး ဒေါ်လာဖြင့် အာမခံ ထားရှိခြင်းကိုလည်း ခွင့်မပြုထားကြောင်း ယင်းကထပ်မံ ပြောကြားသည်။
လက်ရှိတွင် မြန်မာ့အာမခံ လုပ်ငန်းမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို အသက်အာမခံလုပ်ငန်း၊ အထွေထွေ အာမခံ လုပ်ငန်းများဖြစ်သော မီးအာမခံလုပ်ငန်း၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ သမာဓိ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ရေကြောင်းအာမခံတို့ကို ခွင့်ပြုထားပြီး ယင်းကုမ္ပဏီများ အခြေကျ ခိုင်မာလာပါက အခြားအာမခံ လုပ်ငန်းများကိုပါ တိုးမြှင့်ခွင့် ပြုပေးသွားရန် ရှိကြောင်းသိရသည်။
မြန်မာ့အာမခံ လုပ်ငန်းမှ လက်ရှိလိုင်စင် ချထားပေးသည့် ကုမ္ပဏီကိုးခုမှာ IKBZ, Grand Guardian Public Insurance, Aung Thitsar Oo, Aung Myintmo Minn, Capital Life Insurance, First National Insurance Public, Global World Insurance co.ltd, ဧရာမြန်မာ အာမခံကုမ္ပဏီနှင့် နိုင်ငံသား စီးပွားရေး အများပိုင် ကုမ္ပဏီတို့ ဖြစ်ကြသည်။ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ လုပ်ကိုင်ခွင့်လိုင်စင် ၁၂ ခု ချထားပေးရန်ရှိရာ ကျန်သည့်ကုမ္ပဏီ သုံးခုကိုလည်း ယခုနှစ်ကုန် မတိုင်မီတွင် ထပ်မံချထားပေးရန် ရှိသည်။
ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အနေဖြင့် မြန်မာ့အာမခံ လုပ်ငန်းမှ ချမှတ်ထားသော စည်းကမ်းချက်များကို မလိုက်နာပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
"ကျွန်တော်တို့ အနေနဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်နေပါတယ်။ အကယ်၍ စည်းကမ်းမလိုက်နာဘူးဆိုရင် ကနဦး အနေနဲ့ ပညာပေးမယ်။ အဲဒီနောက်မှာ အရေးယူသွားဖို့ ရှိတယ်။ စည်းကမ်းချက်တွေကို ဖောက်ဖျက်ရင် နောက်ဆုံးအနေနဲ့ လိုင်စင်ပိတ်သိမ်းဖို့အထိ ဆောင်ရွက်သွားပါမယ်" ဟု ၎င်းကဆိုသည်။
ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အနေဖြင့် မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့ (IBSB) မှ သတ်မှတ်ထားသော ပရီမီယံ နှုန်းထားများကိုသာ ကောက်ခံရမည်ဖြစ်ပြီး ဒေါ်လာဖြင့် အာမခံ ထားရှိခြင်းကိုလည်း ခွင့်မပြုထားကြောင်း ယင်းကထပ်မံ ပြောကြားသည်။
လက်ရှိတွင် မြန်မာ့အာမခံ လုပ်ငန်းမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို အသက်အာမခံလုပ်ငန်း၊ အထွေထွေ အာမခံ လုပ်ငန်းများဖြစ်သော မီးအာမခံလုပ်ငန်း၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ သမာဓိ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ရေကြောင်းအာမခံတို့ကို ခွင့်ပြုထားပြီး ယင်းကုမ္ပဏီများ အခြေကျ ခိုင်မာလာပါက အခြားအာမခံ လုပ်ငန်းများကိုပါ တိုးမြှင့်ခွင့် ပြုပေးသွားရန် ရှိကြောင်းသိရသည်။
မြန်မာ့အာမခံ လုပ်ငန်းမှ လက်ရှိလိုင်စင် ချထားပေးသည့် ကုမ္ပဏီကိုးခုမှာ IKBZ, Grand Guardian Public Insurance, Aung Thitsar Oo, Aung Myintmo Minn, Capital Life Insurance, First National Insurance Public, Global World Insurance co.ltd, ဧရာမြန်မာ အာမခံကုမ္ပဏီနှင့် နိုင်ငံသား စီးပွားရေး အများပိုင် ကုမ္ပဏီတို့ ဖြစ်ကြသည်။ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ လုပ်ကိုင်ခွင့်လိုင်စင် ၁၂ ခု ချထားပေးရန်ရှိရာ ကျန်သည့်ကုမ္ပဏီ သုံးခုကိုလည်း ယခုနှစ်ကုန် မတိုင်မီတွင် ထပ်မံချထားပေးရန် ရှိသည်။Credit Eleven Media Group










 
 
 
 
 
 
0 comments:
Post a Comment