Tuesday, July 23, 2013

ဒေါ်မြင့်မြင့်အေး အပါအ၀င် ၃ ဦးကို ၅ ကြိမ်မြောက် ရုံးထုတ်

ထွန်တုံးတိုက်ပွဲဝင် လယ်သမားတွေကို ကူညီခဲ့တဲ့   မိထ္ထီလာပြည်သူ့အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေး၊  ရန်ကုန်နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်က ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်း ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးသန့်ဇင်ခက်တို့ကို ဒီနေ့ နတ္တလင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ပါတယ်။

သူတို့တေတွဟာ နိုင်ငံတ၀န်း အစိုးရသိမ်းဆည်းထားတဲ့ မြေယာတွေကို ပြန်လည်ရရှိရေး ကြိုးပမ်းတဲ့ လယ်သမားတွေကို အကူအညီပေးရင်း တရားမ၀င် သင်းပင်းဖွဲ့စည်းတယ်ဆိုပြီး နတ္တလင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံရတာပါ။

အာမခံမရဘဲ ပေါင်းတည်ထောင်အချုပ်မှာ ဇွန်လဆန်းကတည်းက ပို့ဆောင် ချုပ်နှောင်ခံထားရတဲ့ ဒေါ်မြင့်မြင့်အေးက သူတို့အေပါ် စွဲဆိုတဲ့ပုဒ်မဟာ မှန်ကန်မှုမရှိကြောင်း၊ သူတို့အေနနဲ့ အသင်းမဟုတ်ဘဲ ကွန်ရက်သာဖြစ်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“တနိုင်ငံလုံးမှာရှိတဲ့ လယ်ယာမြေ ပြဿနာတွေဟာ အင်မတန် အရေးကြီး ပြဿနာအဖြစ် ကျမတို့က ပြောဆိုလုပ်ကိုင်နေတဲ့အတွက်ကြောင့် လယ်သမားကိစ္စနဲ့ အေရးယူလို့ မရတဲ့အခါမှာ အသင်းဖွဲ့ ပုဒ်မနဲ့ ဆိုပြီး အေရးယူတယ်၊ ကျမတခုပြောချင်တာက အသင်းအဖွဲ့မဟုတ်ဘူးဆိုတာ သူတို့ မသိပဲနဲ့ စစ်တဲ့နေရာမှာ ငြင်းပြောနေတယ်။ ကျမတို့ဟာ အဖွဲ့အစည်းမဟုတ်ဘူး ကွန်ရက်ပဲ ဖြစ်တယ်၊ ဒါကိုတော့ နောက်ဆုံးပိတ်ကျရင် တရားသူကြီးက ဘယ်လိုမျိုး အမိန့်ချမယ်ဆိုတာ မသိသေးဘူး။ သို့သော်လည်း ဒီ အသင်းဖွဲ့ ပုဒ်မဟာဆိုလို့ရှိရင် ပြစ်ဒဏ် ၅ နှစ်ပြည့်အောင် ပေးလို့ရတဲ့ အတွက်ကြောင့် အာမခံပေးလို့မရတဲ့ အမှုဆိုပြီးတော့ ကျမတို့ကို ခနေန ပေါင်းတည်ထောင်ကို ပြန်ပို့တော့မှာ ဖြစ်ပါတယ်၊ ဆက်ပြီးတော့ ရင်ဆိုင်နေပါတယ်။”

ဒီအမှုနဲ့ ပတ်သက်ပြီး အပတ်စဉ်အဂင်ါနေ့တိုင်း ရုံးထုတ်နေတာ ဒီနေ့ပါနဲ့ဆို ၅ ကြိမ်ရှိပြီ ဖြစ်ပါတယ်။ နောက်တပတ်ရုံးချိန်ကို ဒီလကုန် ၃၀ ရက်နေ့ ချိန်းဆိုထားပါတယ်။

ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နဲ့ ဦးသန့်ဇင်တို့ဟာ    နတ္တလင်းမြို့နဲ့ ပေါင်းတည်မြို့နယ်တွေမှာ တပ်မေတ်ာကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၁၂) နဲ့ ရဲတွေက သိမ်းပိုက်ထားတဲ့လယ်ေမြေတွမှာ မူလပိုင်ရှင်လယ်သမားတွေက ပြီးခဲ့တဲ့လ ၁၀ ရက်နေ့က ထွန်တုန်းတိုက်ပွဲဝင်စဉ် သွားရောက်ကူညီလို့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
Credit DVB

0 comments:

Post a Comment