၁၉၄၇
ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သည့် The Dorchester ဟိုတယ်မှ
အခန်းအား ယခုလ ၁၅ ရက်နေ့က ဦးသိန်းစိန် သွားရောက် လေ့လာပြီး
မှတ်တမ်းဓာတ်ပုံများ ကြည့်ရှုစဉ်။ ဓာတ်ပုံ - Foreign and Commonwealth
Officeတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
ဆွေးနွေးပွဲအား ရက်သတ္တပတ် အနည်းငယ်အတွင်း ပြုလုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း သမ္မတ
ဦးသိန်းစိန်က ၎င်း၏ ပထမဆုံး အင်္ဂလန်ခရီးစဉ်တွင် ပြောကြားသည်။
"နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအနေနဲ့ မြန်မာ နိုင်ငံတစ်ဝန်းလုံးမှာ သေနတ်သံတွေ တိတ်ဆိတ်
သွားမှာပါ"ဟု လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း အိမ်တော်၌ ဇူလိုင်လ ၁၆ ရက်နေ့က အင်္ဂလန်နိုင်ငံ
ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့် ပူးတွဲပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြား
သည်။
ထိုဖြစ်ရပ်မှာ အရေးပါသော အပြောင်းအလဲတစ်ရပ် ဖြစ်သော်လည်း တရားမျှတ၍ ရေရှည်တည်တံ့
သည့် ငြိမ်းချမ်းရေးအတွက် ပထမ ခြေလှမ်းသာဖြစ်ကြောင်းလည်း ဦးသိန်းစိန်က ပြောသည်။
"ခက်ခဲတဲ့ဆွေးနွေးမှုတွေ၊ မလွယ်ကူတဲ့ အပေးအယူတွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ဖို့ လိုပါလိမ့်မယ်။
ဒါပေမဲ့ ဒါဟာ လုပ်ကိုလုပ်ဆောင်ရမည့် ကိစ္စဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။
မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် မနားမနေပြုလုပ်နေသော်လည်း ၁၉၄၈ ခုနှစ်
လွတ်လပ်ရေးရပြီးနောက် ကျန်ရှိနေသည့် တိုင်းရင်းသား ပဋိပက္ခများမှာ တိုင်းရင်းသားများ၏
နာကြည်းချက်နှင့် ပြင်းပြသည့်ဆန္ဒများပေါ်တွင် မူတည်နေသည့်အတွက် မလွယ်ကူကြောင်းလည်း
သမ္မတက ပြောသည်။
"အဲဒီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ အာဏာနဲ့ သယံဇာတခွဲဝေမှု၊ ရိုးရာယဉ်ကျေးမှု
အခွင့်အရေးနဲ့ ဘာသာစကား မူဝါဒတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ကာကွယ်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ
ပြန်လည်ပြုပြင်ရေးတွေ လိုပါတယ်။ ရှုပ်ထွေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုကို ၁၂ နဲ့ မြှောက်
ကြည့်လိုက်ပါ"ဟု မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့အား ရည်ညွှန်းကာ ဦးသိန်းစိန်
က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှုအတွက် ဗြိတိသျှအစိုးရ အပါအ၀င် အခြားနိုင်ငံ
အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းမည်ဟု ၎င်းကပြောသည်။
ထို့ပြင် ယခုနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်မည်ဟု ကတိပြု ပြောကြားခဲ့ပြီး
ရှေ့လျှောက် မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ ရှိတော့မည်မဟုတ်ဟု
၎င်းက ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟေ့ဂ် က မြန်မာနိုင်ငံအတွက် နောက်ထပ် ပေါင်သန်း ၃၀
အား အထောက်အပံ့ပေးမည်ဟု ထိုနေ့က ကြေညာခဲ့ကာ ပဋိပက္ခဒဏ်ခံစားရသည့်သူများအား
ကူညီရေးကိုလည်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုထဲမှ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ပေါင် ၁၃ ဒသမ ၅ သန်း၊ ၁၉၈၃ ခုနှစ် နောက်ပိုင်း
ပထမဆုံးပြုလုပ်သည့် နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ပေါင် ၁၀ သန်းနှင့်
စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ပေါင် ၅ ဒသမ ၆၅ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း
ကြေညာခဲ့သည်။
အင်္ဂလန်နိုင်ငံသည် လာမည့်လေးနှစ်အတွင်း မြန်မာနိုင်ငံအားပေါင် ၁၈၅ သန်း (အမေရိကန်
ဒေါ်လာ ၂၈၉ သန်း)ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။
ယခု ခရီးစဉ်သည် မြန်မာနိုင်ငံ သမ္မတအနေဖြင့် အင်္ဂလန်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံး
ခရီးစဉ်ဖြစ်သည်။
ဦးသိန်းစိန်သည် ယခုလ ၁၇ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှတစ်ဆင့် ပြင်သစ်နိုင်ငံသို့ ရောက်ရှိခဲ့
သည်။
Credit The Myanmar Times









0 comments:
Post a Comment