Thursday, July 25, 2013

ပုသိမ်ကြီးမြို့တွင် စပါးဈေး ကောင်းသော်လည်း လုပ်အားခမြင့်မှုကြောင့် အကျိုးအမြတ်နည်း

Photo: ပုသိမ်ကြီးမြို့တွင် စပါးဈေး ကောင်းသော်လည်း လုပ်အားခမြင့်မှုကြောင့် အကျိုးအမြတ်နည်း
Thursday, July 25, 2013

ပုသိမ်ကြီးမြို့တွင် ရက်တစ်ရာစပါး စတင်ရိတ်သိမ်းချိန် စပါးဈေး ကောင်းသော်လည်း အလုပ်သမားငှားရမ်းခ မြင့်တက်မှုကြောင့် တောင်သူများ အကျိုးအမြတ် နည်းပါးကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်ရှိ ရေကြည်၊ အိုင်ကြီး၊ ဂွေ့ကြီးကုန်း၊ ရှင်တော်ကုန်း စသည့်ကျေးရွာများတွင် ရက်တစ်ရာ စပါးများကို စတင်ရိတ်သိမ်းလျက်ရှိပြီး ယခုနှစ် ရက်တစ်ရာ စပါးဈေးမှာ တင်းတစ်ရာလျှင် လေးသိန်းသုံးသောင်းကျပ် ဈေးရရှိကြောင်း၊ ယခင်နှစ် ရက်တစ်ရာ စပါးဈေးမှာ တင်းတစ်ရာလျှင် သုံးသိန်းနှစ်သောင်းကျပ်ဈေး ရရှိခဲ့ကြောင်း သိရသည်။

"အရင်နှစ်က စပါးရိတ်တဲ့အချိန် မိုးရွာတော့ စပါးတွေစိုကုန် ဈေးကျသွားတယ်။ ဒီနှစ် စပါးရိတ်တဲ့အချိန် နေသာတော့ ဈေးကောင်းရကြတယ်။ စပါးဈေး ကောင်းပေမယ့်လည်း တခြားနယ်က ကောက်ရိတ်သမတွေကို လုပ်အားခ ပိုပေးပြီး ခေါ်ရတဲ့အတွက် စရိတ်ပိုကုန်တာနဲ့ဆိုရင် တောင်သူအတွက် သိပ်မကျန်တော့ဘူး" ဟု ရှင်တော်ကုန်းကျေးရွာမှ တောင်သူဦးဇာနည်က ပြောကြားသည်။

"ဒီစပါးရိတ်ပြီးသွားရင် ကောက်ကြီးစပါး စိုက်ဖို့အတွက် ပျိုးထောင်ထယ်ထိုး ထားပေမယ့် မိုးကအခုချိန်ထိ ကောင်းကောင်းမရွာသေးတော့ မိုးစပါးအထွက် နည်းနိုင်သလို စပါးအရည်အသွေးလည်း သိပ်ကောင်းနိုင်မယ် မထင်ဘူး" ဟု ရေကြည်ကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

ရက်တစ်ရာ စပါးမျိုးများကို တန်ခူးလတွင် စတင်စိုက်ပြီး ၀ါဆိုလတွင် ရိတ်သိမ်းလေ့ရှိကြောင်း၊ တစ်နှစ်ပတ်လုံး အနေဖြင့် မိုးကြိုစပါးနှင့် မိုးစပါးများ စိုက်ပျိုးကြပြီး ကြားသီးနှံအဖြစ် ကုလားပဲကို စိုက်ပျိုးကြကြောင်း သိရသည်။

Eleven Media Group

ပုသိမ်ကြီးမြို့နယ်တွင် ရက်တစ်ရာစပါးများ ရိတ်သိမ်းခြွေလှေ့နေစဉ်

Credit Eleven Media Group

0 comments:

Post a Comment