Thursday, July 25, 2013

မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ တတိယအကြိမ် အစည်းအဝေးပွဲအား ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ကျင်းပ

Photo: မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ တတိယအကြိမ် အစည်းအဝေးပွဲအား ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ကျင်းပ
Thursday, July 25, 2013

မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ တတိယအကြိမ် အစည်းအဝေးပွဲအား ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးပွဲသို့ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးဥက္ကဋ္ဌ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ၁၃ ဦး၊ ထိုင်းနိုင်ငံဘက်မှ Mr.Amnart Saengtong ဦးဆောင်သည့် BCATIP (၁၁) ဦးနှင့် ထိုင်းနိုင်ငံအတွင်း ဘန်ကောက်၊ ချင်းမိုင်၊ ဖယောင်း၊ တာ့ခ်ျခရိုင်များရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသော ဌာနေကိုယ်စားလှယ် ၁၉ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသော လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များ သိရှိပြုပြင်သွားရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသများတွင် လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် တာချီလိတ်-မယ်ဆိုင် BCATIP (Border Cooperation Against Trafficking In Person) ရုံးကို ၂၀၁၂ ခုနှစ် မတ် ၂၂ ရက်တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ပြီးနောက် ပထမအကြိမ် အစည်းအဝေးကို ၂၀၁၂ ခုနှစ် သြဂုတ် ၃၀ မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံ တာချီလိတ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရုံးတွင် လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

Eleven Media Group

ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ကျင်းပသည့် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး အစည်းအဝေးအား တွေ့ရစဉ်

Credit Eleven Media Group

0 comments:

Post a Comment