Wednesday, July 24, 2013

ထိုင်း - မြန်မာ နယ်စပ်ဂိတ် သုံးခုမှ မြန်မာပြည်တွင်းသို့ နိုင်ငံခြားသားများ လာရောက်လည်ပတ်နိုင်မည်

ထိုင်း-မြန်မာ နယ်စပ်ဝင်/ထွက်ပေါက် သုံးခု ဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်နှင့် ကော့သောင်း -ရနောင်းနယ်စပ်ပေါက်မှဝင် ရောက်လာသည့် နိုင်ငံကူးလက် မှတ်နှင့် ဗီဇာပါရှိ သည့် ထိုင်းနိုင် ငံသားများအပြင် အခြားနိုင်ငံသား များကို လည်း ပြည်တွင်း သို့လည် ပတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် ဗီဇာရှိထိုင်း နိုင်ငံသားများနှင့် တတိယနိုင်ငံ များမှ ခရီးသွားဧည့်သည်များကို ဩဂုတ် ပထမပတ်မှစတင်ကာ ကန့်သတ်နေရာများမှအပ ပြည် တွင်းခရီးစဉ်များသို့ လည်ပတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန နေပြည်တော်ရုံးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက''နယ်စပ်ဂိတ်တွေကတစ်ဆင့်ခရီးသည်ဝင်ရောက်မှုတွေကိုလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထပ်မံ ဆောင်ရွက်သွားမှာပါ''ဟု ပြော သည်။ ယင်းနယ်စပ်ဂိတ်များမှတစ် ဆင့် နိုင်ငံတကာခရီးသွားဧည့်သည် များကို ပြည်ထဲရေးဝန်ကြီးဌာနမှ ကန့်သတ်ထားသည့်နေရာမှအပ မည်သည့်နေရာမဆိုသွားလာနိုင်ပြီးရန်ကုန်၊မန္တလေးနှင့်နေပြည် တော်လေဆိပ်တို့အပါအဝင် မည့် သည့်နယ်စပ်ဂိတ်ပေါက်မှမဆို ထွက်ခွာခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

Myanmar Elorado Paradise Travel and Tour ခရီးသွား လုပ်ငန်း ကုမ္ပဏီမှ ဒေါ်ဇင်မာက ''ဒီလိုမျိုးဂိတ်တွေက ဝင်လာမယ် ဆိုရင်တော့ နိုင်ငံခြားခရီးသွားတွေ ပိုပြီးဝင်လာနိုင်တယ်။သူတို့တွေပိုမိုဝင်ရောက်လာမယ် ဆိုရင်တော့ ပြည်တွင်းမှာရှိတဲ့ခရီးသွားလုပ်ငန်းကုမ္ပဏီတွေကဝန်ဆောင်မှု တွေကောင်းမွန်ရမယ်၊တရားဝင်သတ်မှတ်ထားတဲ့ နေရာတွေကိုစည်းကမ်းချက်တွေ နဲ့ လုပ်ကိုင်ဖို့ လိုမယ်''ဟု ပြောသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ နိုင်ငံပေါင်း၂၆နိုင်ငံကိုဆိုက်ရောက်ဗီဇာထုတ်ပေးထားပြီးလုပ်ငန်းဗီဇာအတွက်ကန် ဒေါ်လာ၅ဝနှင့်ရက်ပေါင်း၇၀၊ ပြည်ဝင်ဗီဇာအတွက်ကန်ဒေါ်လာ ၄ဝနှင့်ရက်ပေါင်း၂၈ရက်နှင့် ဖြတ်သန်းဗီဇာအတွက် ကန်ဒေါ် လာ၂ဝနှင့်၂၄နာရီ သတ်မှတ်ထား ကြောင်း သိရသည်။
Credit Yangon Media Group

0 comments:

Post a Comment