Saturday, July 27, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မရှိသည့် ကျေးရွာကို ပြည်ထဲရေး ၀န်ကြီးဌာန ညွှန်ကြား ချက်ဖြင့် ရွှေ့ပြောင်း ရမည်

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မရှိသည့် ကျေးရွာကို ပြည်ထဲရေး ၀န်ကြီးဌာန ညွှန်ကြား ချက်ဖြင့် ရွှေ့ပြောင်း ရမည်
Saturday, July 27, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်း မှု မပြုသည့် ကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းမည် မဟုတ်သော်လည်း ပြည် ထဲရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇူလိုင် ၂၆ ရက်က နေပြည်တော် တွင် ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ မီဒီယာတွေ့ဆုံ ပွဲတွင် ပြောကြားသည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းအတွက် လျော်ကြေးမယူဘဲ မရွှေ့ပြောင်းသည့် ဆည်တည်းကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းရန်ရှိမရှိ မေးခွန်းကို ဖြေကြားရာတွင် ထည့် သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ''ဆည်တည်းရွာနဲ့ ပတ်သက်ပြီး ဆည်တည်းရွာ အဟောင်းကို ရွာအသစ် တည်ထားပြီး ဖြစ်ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ တည်ဆောက်ပေးပြီး ဖြစ်ပါတယ်။ ရွာသစ်က တစ်ရွာတည်း မဟုတ်ပါဘူး။ လေးရွာပါ။ မိုင်းလုပ်ငန်း လုပ်လိုက်ရင် ထိခိုက်မှုတွေ ရှိနိုင်လို့ လေ့လာပြီး နဂိုကတည်းက ရွှေ့ထားတာ ဖြစ်ပါတယ်။ 

ရွာသစ်လေးရွာ ရွှေ့လိုက်လို့ ရွာဟောင်းက အလိုအလျောက် ပျက်စီး သွားပါတယ်။ အလိုအလျောက် ပယ်ပျက်သွားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အင်အားသုံးစရာ မလိုပါဘူး။ ကျွန်တော်တို့က သူတို့ကို နားလည်သဘော ပေါက်အောင် ပြောတဲ့အတွက် အဲဒီမှာရှိတဲ့ မိသားစုတွေက တဖြည်းဖြည်း ရွာသစ်ကို ရွှေ့ပြောင်းသွားပါတယ်။ 

တချို့လည်း ပြောင်းရွှေ့နေတယ်။ ဒါပေမဲ့ ပယောဂတွေ ရှိနေလို့ ပြောင်းပြီး လာချင်တာတောင် လာလို့မရဘူး။ တိုးတိုးတိတ်တိတ်နဲ့ အကူအညီတောင်း ပြီး ပြောင်းလာတဲ့ သူတွေလည်း ရှိတယ်။ တချို့လည်း ပြောင်းလာပြီး ပစ္စည်းသွားယူမှ နည်းနည်း အနှောင့်အယှက်တွေ ရှိနေတာတွေ ကြားပါတယ်။ ဒါကြောင့် အင်အားသုံးစရာ မလိုသော်လည်း ဒီရွာဟာ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ မရှိတော့ပါဘူး။ ရွာသစ်ကို အား လုံးပြောင်းရွှေ့ဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

လျော်ကြေးမယူဘဲ မပြောင်းရွှေ့သည့် ဆည်တည်းကျေးရွာတွင် အိမ်ထောင်စု ၁၆၀ ၀န်းကျင် ကျန်ရှိနေသေးကြောင်းနှင့် ဆည်တည်းရွာမှ အိမ်ထောင်စု ၄၆ စုသည် ရွှေ့ပြောင်းပြီး ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ မီဒီယာတွေ့ဆုံပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားစဉ်

Eleven Media Group

Credit Eleven Media Group

0 comments:

Post a Comment