Saturday, July 27, 2013

၆ ကြိမ်မြောက် လူ့အခွင့်ရေး၊ အလုပ်သမားအခွင့်အရေးနှင့် လိင်ကွဲပြားမှုအခြေပြု သင်တန်းအား ကျင်းပ


ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ၆ ကြိမ်မြောက် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးသင်တန်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုကျင်းပ ပြုလုပ်သည့် သင်တန်းကို ၂ဝ၁၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရောင်ခြည်ဦး ခေတ္တခိုလှုံရာနေအိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး သတင်တန်းဆရာတဦးဖြစ်သူ မနီက “ကျမတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လူ့အခွင့်ရေး၊ အလုပ်သမားအခွင့်အရေးတို့ဆိုတာတွေကို သိပ်မသိကြဘူး။ ကျမတို့ သင်တန်းပေးနေတဲ့ အချိန်မှာတောင် သူတို့နားလည်အောင် ဂိမ်းတွေပြုလုပ်ပြီး ရှင်းပြရပါတယ်။ အခုသင်တန်းကို လာတက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ရသင့်တဲ့ အခွင့်အရေးတွေ ချိုးဖာက်ခံနေရတယ်ဆိုတာတောင် သူတို့ကိုယ်တိုင် မသိကြဘူးဖြစ်နေတယ်။ ဒါကြောင့် ကျမတို့က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ချိုးဖာက်ခံနေရတဲ့ အခွင့်အရေးတွေကိ သိရှိနားလည်အောင်လို့၊ စုပေါင်းကာကွယ်ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး သင်တန်း ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်း၌ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများအား ပြောဆိုခဲ့ပါတယ်။

အဆိုပါသင်တန်းသို့ တက်ရောက်သည့် သင်တန်းသူ အမျိုးသမီး တဦးက “ကျမအရင်တုန်းကလည်း အခုလို လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်ကွဲပြားမှုအခြေပြုဆိုတာတွေကို ကြားတောင် မကြားဖူးဘူး။ အခု ဒီသင်တန်းတက်လိုက်ရတော့မှပဲ ကျမတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရှိပါလားဆိုတာကိုသိလာရတော့တယ်။အခုသင်တန်းလုပ်ပေးတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကိုလည်း   ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုခဲ့ပါတယ်။ အဆိုပါသင်တန်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
YCOWA

0 comments:

Post a Comment