ချေးငွေထုတ်ယူရန်
လာရောက်စောင့်ဆိုင်းနေကြသည့် မအူပင်မြို့နယ်မှ လယ်သမားများအား လွန်ခဲ့သည့်
ရက်သတ္တပတ်က တွေ့ရစဉ်။ ရွှေကူသစ္စာ/မြန်မာတိုင်း(မ်)မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ယခုလ ၁၅ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မှ
လယ်သမား ၈,၀၀၀ ခန့် ချေးငွေပြန်ဆပ်ရန် ကျန်ရှိနေသေးသဖြင့် ချေးငွေပြန်လည်ချထား ပေးခွင့်
မရဘဲ ကြန့်ကြာနေရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မအူပင်မြို့နယ်) မန်နေဂျာ ဦးအုံးလွင်
က ပြောသည်။
"မနှစ်ကချထားပေးတဲ့ချေးငွေတွေ ဒီနှစ်ပြန်ဆပ်မှ ကျွန်တော်တို့အနေနဲ့ ပြန်ချေးပေးတာပါ။ အခုလို
ပြန်မဆပ်သေးတဲ့အခါမှာ ထပ်ချေးပေးဖို့ မပြုလုပ်ပါဘူး။ တချို့လယ်သမားတွေကတော့ သိပ်မကြာ
သေးတဲ့ ကာလထဲမှာပဲ အကြွေးပြန်ဆပ်သွားကြပါတယ်။ သူတို့ အတွက်တော့ ချေးငွေတွေပြန်ချ
ထားပေးပါပြီ။ ချေးငွေ နောက်ကျတယ်ဆိုပြီး ပြောနေကြပါတယ်။ တကယ်က ချေးငွေနောက်ကျ
တာမဟုတ်ပါဘူး။ မနှစ်ကကြွေးကျန်နေသေးလို့ မချေး သေးတာပါ"ဟု ၎င်းက ပြောသည်။
မအူပင်ခရိုင်အတွင်း ယခင်နှစ် မိုးတွင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများ ကို အကျေဆပ်ပြီးသည့်
ကျေးရွာပေါင်း ၁၆ ရွာရှိပြီး ယခုနှစ် မိုးတွင်းစိုက်ပျိုး သီးနှံအတွက် တောင်သူပေါင်း၂,၇၇၁ ဦးက
စိုက်ပျိုးမြေ ဧကပေါင်း ၁၈,၀၆၁ ဧက အတွက် ကျပ် ၁၈,၀၆၁ သိန်းကို ချေးငွေ ချထားပေးပြီးဖြစ်
ကြောင်း ဦးအုံးလွင်က ပြောသည်။
"နွေစပါးရော မိုးစပါးအတွက်ရော ဆိုရင်တော့ ချေးငွေ ချထားပေးတာ ၇၈ ရွာပါ။ မိုးရာသီအတွက်ပဲ
ပြောမယ်ဆိုရင်တော့ ဘဏ်ချေးငွေက မနှစ်က မိုးရာသီအတွက် ရွာပေါင်း ၇၁ ရွာကိုချေးငွေချထား
ပေးခဲ့တယ်။ ဌာနရဲ့ ရည်ရွယ်ချက်က သီးနှံထုတ်လုပ်မှု အားကောင်းအောင် အထောက်အပံ့ပေးတာ
ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် ပျက်သွားတယ်။ တချို့ဆို သီးနှံအတွက် ချပေးတဲ့ ချေးငွေတွေ
ကျေအောင် မဆပ်ဘဲ ဆိုင်ကယ်ဝယ်တာတို့ လုပ်ကြတယ်။ မနှစ်ချေးငွေတွေ မကျေကြဘူး"ဟု
၎င်းက ပြောသည်။
အကြွေးဆပ်ရန် သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ကျန်နေပါက ဒဏ်ကြေး တစ်လကျပ် ၁၀၀ လျှင်
တစ်ကျပ်နှုန်း ပေးဆောင်ရန် သတ်မှတ်ထားသည်။
"အခုချပေးနေတဲ့ ချေးငွေနဲ့ အတိုးနှုန်းအနေအထားက လယ်မြေတစ်ဧကကို ကျပ်တစ်သိန်းနှုန်းနဲ့
ထုတ်ချေးပေးတာပါ။ အတိုးက ကျပ် ၁၀၀ ကို ၇၁ ပြား ပါ။ ခုနစ်လကနေ ၁၀ လအတွင်းဆပ်ရ
တာပါ" ဟု ၎င်းက ပြောသည်။
ယခုနှစ်အတွက် မအူပင်ခရိုင်၌ လယ်သမားများအတွက် ချေးငွေ ကျပ် ၁,၃၃၇ ဒသမ ၅ သန်း
ချထားပေးမည် ဖြစ်သည်။
"မနှစ်က မိုးရာသီအတွက် ၁၀၃,၃၇၅ ဧကကိုချေးငွေထုတ်ချေးပေးခဲ့တယ်။ ဒီနှစ်လည်း
အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမှာပါ။ ကျွန်တော် တို့အနေနဲ့ လိုအပ်ရင်လည်း ထပ်မံ
တင်ပြတောင်းခံတာမျိုး ပြုလုပ်သွားပေးမှာ ဖြစ်ပါတယ်"ဟု ဦးအုံးလွင်က ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တစ်ရွာလုံးကျွတ် ဘဏ်ချေးငွေကျေမှ ထိုရာသီအတွက်
ဘဏ်ချေးငွေကို ထပ်ထုတ်ပေးမည်ဖြစ်ပြီး တောင်သူလယ်သမားများအနေဖြင့် ချေးငွေရချိန်
နောက်ကျကြောင်း၊ အချိန်အခါမီ ချေးငွေထုတ်မပေးသည့်အတွက် စိုက်ပျိုးစရိတ်ကြန့်ကြာနေခဲ့ကာ
ယခင် တစ်ချိန်ကကဲ့သို့ အမြတ်ကြီးစား စီးပွားရေးလုပ်ငန်းရှင်များထံမှ ၀မ်းစာရေး အတွက်
တစ်ကျော့ပြန် ချေးငှားရခြင်းများ ကြုံတွေ့ရနိုင်ကြောင်း၊ လယ်မြေ ၁၀ ဧကတွင် စပါးနှင့်ပဲစိုက်ပျိုး
လျက်ရှိသည့် တောင်သူ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ
သမဂ္ဂများအဖွဲ့မှ မအူပင်ခရိုင်အတွင်းရေးမှူး ဦးမောင်ဝင်းက သုံးသပ်ပြောကြားသည်။
"မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း တစ်ရွာလုံးကျွတ် ဘဏ်ချေးငွေကျေမှ ဒီရာသီအတွက်
ဘဏ်ချေးငွေကို ထပ်ထုတ်ပေးမှာဖြစ်ပါတယ်။ လယ်သမားတချို့ရဲ့ ငွေကြေးအခက်အခဲကြောင့်
လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေ ဆပ်ဖို့ နောက်ကျခဲ့ရင် နိုင်ငံတော်အပေါ်မှာ ကတိတည်တဲ့
တောင်သူလယ်သမားတွေအနေနဲ့ကျတော့ ဘဏ်ချေးငွေရဖို့ ဘယ်အချိန်ကာလအထိ စောင့်ရမယ်
မပြောတတ်တော့ဘူး။ ကတိတည်တဲ့ တောင်သူလယ်သမားတွေအနေနဲ့ ငွေမဆပ်နိုင်သူတချို့
အတွက် အခက်အခဲတွေ မကြုံစေချင်ပါဘူး။ ဥပဒေ တစ်ခုတော့ ပြင်ဆင်စေချင်ပါတယ်။ ၀ိုင်းကြီးပဲ
ချုပ်ချုပ်၊ ၀ိုင်းလေးပဲချုပ်ချုပ် ကတိတည်တဲ့သူတွေအတွက် တစ်ဦးချင်း အချိန်အခါမီ စိုက်ပျိုးစရိတ်
ချေးငွေတွေ ထုတ်ချေးပေးဖို့ စဉ်းစားဆုံးဖြတ်ပေးသင့်သလို စိုက်ပျိုးစရိတ် ချေးငွေ ပေးဆပ်ဖို့
ပျက်ကွက်သူတွေကိုလည်း ထိုက်သင့်တဲ့ အကြောင်းအရာများနဲ့ စဉ်းစားဆုံးဖြတ်ရမယ့် အချိန်
ကာလ တွေဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးစရိတ်ကြန့်ကြာနေခဲ့ရင်တော့ အရင်တစ်ချိန်ကလို အမြတ်
ကြီးစား စီးပွားရေးလုပ်ငန်းရှင်တွေဆီက တောင်သူလယ်သမားတွေအနေနဲ့ ၀မ်းစာရေးအတွက်
တစ်ကျော့ပြန်ချေးငှားရတော့မလားလို့ အတွေးစိတ်ဝင်မိတာတွေကို အကြံ ပြုပြောကြားလို
ပါတယ်" ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဘက်မှာလည်း အခက်အခဲတွေရှိ ပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ ကျွန်တော်တို့က ၀န်ကြီးဌာနက မတူပါဘူး။ စည်းကမ်းအတိုင်း သွားရပါတယ်။
ကျွန်တော်တို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က လယ်/ဆည်ဝန်ကြီးဌာနလက် အောက်မှာပါ။ မြန်မာ့
စီးပွားရေးဘဏ်ကနေ တစ်နှစ်ကို လေးရာခိုင်နှုန်းအတိုးနဲ့ ယူတာပါ။ ပြီးမှ လယ်ယာလုပ်ကိုင်
စားသောက်နေတဲ့ ပြည်သူလူထုကို ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ပြန်ချပေးတာပါ" ဟု ဦးအုံးလွင်က
ပြောသည်။
Credit The Myanmar Times









0 comments:
Post a Comment