ငါးရက်ခန့် ရေလွှမ်းမိုးခဲ့သော မွန်ပြည်နယ်အတွင်းရှိ ပျက်စီးသွားသည့် မျိုးစပါးများကို မွန်ပြည်နယ်အစိုးရက ယခုလအတွင်း ပြန်လည်အစားထိုး ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။
ပျက်စီးသွားသော မိုးစပါးစိုက်ခင်း များအတွက် တစ်ဧကလျှင် မျိုးစပါးစရိတ် ကျပ် ၈၀၀၀ ခန့် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဒေါက်တာတိုးတိုးအောင်က ဆိုသည်။
မွန်ပြည်နယ်တစ်ဝန်းတွင် ရေဘေးကြောင့် ပျက်စီးသွားသော မိုးစပါးဧက တစ်သောင်းကျော် ရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
“ပြည်နယ်အစိုးရမှာ ပိုက်ဆံအလုံအလောက် မရှိရင်တောင် လုပ်ငန်းရှင်တွေဆီက အကူအညီတောင်းပြီး ထောက်ပံ့သွားမယ်” ဟု ဒေါက်တာတိုးတိုးအောင်က ဆိုသည်။
မွန်ပြည်နယ်တစ်ဝန်းတွင် ရေကြီးမှုကြောင့် နစ်မြုပ်ခဲ့ရသည် ပျိုးစပါးဧက ခြောက်သောင်းကျော် ရှိသော်လည်း ရေပြန်ကျသွားကြောင့် မိုးစပါးပျက်စီးမှုဧက တစ်သောင်းကျော်သာ ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
မွန်ပြည်နယ် မြို့နယ်အချို့တွင် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ သြဂုတ်လ ၂ ရက်နေ့ထိ ငါးရက်တိုင်တိုင် ရေလွှမ်းမိုး ခံခဲ့ရသည်။
Credit The Voice Weekly

0 comments:
Post a Comment