မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေး အစည်းအဝေးကို သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ပုဂံမြို့ရှိ Myanmar Treasure Resort Hotel ၌ ကျင်းပမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များကို အဓိကထားပြီး အပြန်အလှန် ဆွေးနွေးကြမည်ဟု မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးမျိုးဇင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ပုဂံမြို့တွင် ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံဘက်မှ အဆင့်မြင့် အရာရှိကြီး ၁၅ ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီးချုပ်နှင့် လူကုန်ကူးမှုဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြမည် ဖြစ်သည်။
မန္တလေးမြို့ Mandalay Hill Resort Hotel တွင် ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်က မြန်မာနိုင်ငံ-တရုတ် လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး အချက်လေးချက် သဘောတူညီခဲ့ကြောင်း ယင်းဆွေးနွေးပွဲအရ သိရှိရသည်။
Credit The Voice Weekly

0 comments:
Post a Comment