
ပဲခူးမြို့၊ မြို့မရဲစခန်း အပိုင် မြို့သစ်ရပ်ကွက်ရှိ ဒေါ်ထွေးပိုင် အုတ်စက်တွင် (၇.၈.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်က မီးလောင်မှုတစ် ဖြစ်ပွားခဲ့ရာ ကာလတန်ဖိုး ငွေကျပ်သိန်း(၃၀)ခန့်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ (၇.၈.၂၀၁၃)နေ့ နံနက်(၈း၀၀)အချိန်ခန့်က အုတ်စက်ပိုင်ရှင်ဒေါ်ထွေး အသက်(၆၄)နှစ်၊(ဘ)ဦးမြိုင်စန်း၊ အမှတ်-၄/၂ မင်းလမ်း ကျွန်းသာယာရပ်ကွက်၊ ပဲခူးနေသူထံသို့ ယခင်ကအလုပ်လုပ်ခဲ့ဘူးသော မောင်နိုင်၊ အသက်(၃၇)နှစ်၊ (ဘ)ဦးခင်မောင်ဝင်း အုတ်စက်လုပ်သားမှ အလုပ်အတွက် စရံငွေတောင်းခံခဲ့ရာ အုတ်စက်ပိုင်ရှင် ဒေါ်ထွေးမှ စရံငွေ မပေးနိုင်ကြောင်း
ပြောသဖြင့် အုတ်စက်လုပ်သား မောင်နိုင်မှ မကျေနပ်၍ အုတ်စက်အတွင်းရှိ ပစ္စည်းများသိုလှောင်ထားသော နေရာအား မီးရှို့ရာမှ မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်းသိရသည်။
တရားခံ မောင်နိုင်အား ပဲခူး၊ မြို့မရဲစခန်းမှ(ပ)၄၇၇/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ
အရေးယူထားကြောင်း သိရှိရသည်။
Ko Thant Zin
Credit Myanmar News Now









0 comments:
Post a Comment