
ထိုင်း -မြန်မာ နယ်စပ် မြဝတီမြို့တွင် ရေကြီး ရေလျှံမှု များနှင့် ဒေါန တောင်တန်း တစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားလျက် ရှိသောကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး နှစ်ပတ်ခန့် ရပ်ဆိုင်း မည် ဖြစ်ကြောင်း မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန် အကောက်ခွန် ဦးစီးဌာနမှ ညွန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။
“ကုန်သွယ်မှုတွေကို ၃၀ ရက်နေ့ကတည်းက စရပ်ထားတယ်။ တောင်တက် ကားတွေ လုံးဝ တက်လို့ မရတော့ဘူး” ဟု ၎င်းက ဆက်လက် ပြောကြား သည်။
မြဝတီ-ဘားအံ မော်လမြိုင် အဝေးပြေး လမ်းမပေါ်ရှိ ဒေါနေ တာင်တန်း တစ်လျှောက်တွင် မြေပြိုမှု ၄၅ နေရာ ဖြစ်ပေါ်နေခြင်းကြောင့် ဘားအံနှင့် မော်လမြိုင်မှ ကုန်တင်ယာဉ်နှင့် ခရီးသည်တင် ယာဉ်များ အသွားအလာ လုံးဝ မရှိကြောင်း မြဝတီမြို့မှ ယာဉ်မောင်း တစ်ဦးက ဆိုသည်။
ထိုင်း- မြန်မာ နယ်စပ် ကုန်သွယ်ရေးဇုန် ရပ်နားထားရခြင်းကြောင့် တစ်ရက်လျှင် ကုန်သွယ်မှု တန်ဖိုး သိန်းကိုးထောင်ခန့် ဆုံးရှုံးနေကြောင်း မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ နယ်စပ် ကုန်သွယ်ရေး ရပ်နားထားရခြင်းကြောင့် မော်လမြိုင်မြို့နှင့် ဘားအံမြို့တို့တွင် ထိုင်း အခြေခံ စားသောက်ကုန် အချို့ ဈေးမြင့်တက် သွားကြောင်း မော်လမြိုင်မြို့ရှိ ကုန်သည် အချို့က ဆိုသည်။
မြဝတီမြို့ အပါအဝင် ကရင်ပြည်နယ်ရှိ မြို့ ခုနစ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ ရေကြီး ရေ လျှံခြင်းနှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့သည်။
Credit The Voice Weekly









0 comments:
Post a Comment