မိုးခေါင်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့်နေရာများတွင်
ပြန်လည်စိုက်ပျိုးနိုင်ရေး ကူညီပေးသွားမည်ဖြစ်ကြောင်း
သြဂုတ် ၁ ရက်နေ့ ရေဒီယိုမှပြောကြားခဲ့သည့်မိန့်ခွန်းတွင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့ သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မကွေးတိုင်းဒေသကြီး မြောက်ပိုင်း၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အချို့မြို့နယ်များတွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးထားသော သီးနှံအချို့ ပျက်စီးဆုံးရှုံးမှုရှိကြောင်း၊ တောင်သူ
လယ်သမားများ ဆုံးရှုံးနစ်နာမှု မရှိစေရန်နှင့် သီးနှံအသစ်များ ပြန်လည်
စိုက်ပျိုးနိုင်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတကမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယင်းအပြင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုများကြောင့် ကရင်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရေလွှမ်းမိုးကာ စပါးခင်း ၃၀,၉၀၇ ဧက ရေနစ်မြုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနကတာဝန်ရှိသူတွေ ရေကြီးနစ်မြုပ်တဲ့
နေရာတွေကို အရေးပေါ်ကူညီပံ့ပိုးမှု တွေပေးဖို့သွားနေပါတယ်။ ရေနစ်မြုပ်
တဲ့ စပါးခင်းတွေအတွက် မျိုးတွေဖြန့်ဝေပေးသွားမှာပါ။ စာရင်းကောက်ယူ
နေတုန်းမို့ ဆောင်ရွက်ပေးသွားမယ့်အသေးစိတ်တော့ ပြောလို့မရသေးပါဘူး”ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ လှိုင်းဘွဲ့ မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်နှင့် ကမမောင်းမြို့နယ်ခွဲတို့တွင် အိမ်ထောင်စုပေါင်း ၆,၇၃၃ စုမှ လူ ၃၃,၄၀၉ ဦး ရေဘေးဒုက္ခကြုံတွေ့သဖြင့်ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ်ကူညီ လျက်ရှိပြီး ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လူ သုံးဦးသေဆုံးကာ တစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ မွန် ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့တွင်လည်း ရေလွှမ်းမိုးမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကူညီလျက်ရှိကြောင်း ထုတ်ပြန်ချက်
များအရ သိရသည်။
နေဖြိုးဝင်း
Credit The Farmer Media

0 comments:
Post a Comment