Tuesday, August 06, 2013

သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ နေပြည်တော်၌ပြုလုပ်

Photo: သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ နေပြည်တော်၌
ပြုလုပ်
Tuesday, 06 August 2013 

သိမ်းဆည်းခံထားရသော လယ်ယာမြေများနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ တစ်ခုကို ပျဉ်းမနားမြို့အရှေ့ဘက်အဝေရာဆည်အနီး ကူးတို့ဆိပ်ကျေးရွာတွင် ပြည်သူ
့လွှတ်တော် ကိုယ်စားလှယ်များက ဟောပြောခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေး
ဟောပြောခဲ့ပြီး ကူးတို့ဆိပ်ကျေးရွာ အုပ်စုကိုးအုပ်စုမှ လယ်ယာမြေ အသိမ်းဆည်း ခံထားရသည့် တောင်သူဦးရေ တစ်ရာကျော် တက်ရောက် ဆွေးနွေးခဲ့သည်။

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီက ''လယ်ယာမြေသိမ်းတာ ခြောက်မျိုးနဲ့ သိမ်းတယ်။ ပထမ စစ်တပ်က သိမ်းတယ်။ နောက် အိုးအိမ်က သိမ်းတယ်။ အစိုးရ စီမံကိန်းတွေကြောင့် သိမ်းတယ်။ စက်မှုဇုန်တွေကြောင့် သိမ်းတယ်။ ရထားလမ်း ကားလမ်းတွေ ဖောက်လို့ သိမ်းတယ်။ ကုမ္ပဏီတွေက သိမ်းတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီ ဟိုဘက်ကာလကတော့ လုပ်ဖို့မလွယ်ဘူး။ ၁၉၈၈ ခုနှစ်ကနေ ယနေ့ ကြားကာလ အတွင်းမှာ သိမ်းဆည်းခံထား ရတယ်ဆိုရင် လုပ်ပေးဖို့ လွယ်ပါတယ်'' ဟု ပြောကြားသည်။

ကူးတို့ဆိပ်ကျေးရွာမှ တောင်သူတစ်ဦးက ''ကျွန်တော်တို့ ကူးတို့ဆိပ်မှာ ယခုလက်ရှိ လယ်ဧက ၁၀၀၀ ကျော် ရှိပါတယ်။ လယ်ယာမြေဥပဒေနဲ့ ပတ်သတ်ပြီးတော့ ကောင်းကောင်းတော့ နားမလည်ပါဘူး။ ဒါပေမဲ့ သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာကို အရင်ကလည်း စာတင်ထားတယ်။ အခုလည်း လွှတ်တော် ကိုယ်စားလှယ်ကြီးတွေနဲ့ တိုင်ပင်ပြီး လုပ်လို့ရတာ၊ လုပ်သင့်တာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ'' ဟု ဆိုသည်။

ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ''တိုင်းပြည်မှာ လယ်သမားဦးရေ အားလုံးက ရာခိုင်နှုန်း ၇၀ ကျော်ကျော် ရှိတယ်။ အစိုးရ စီမံခန့်ခွဲမှု ကော်မတီမှာ လယ်မြေ၀ယ်ချင်တယ်။ လျှောက်
ချင်တယ်ဆိုရင် လယ်သမားတစ်ဦး တစ်ခါလျှောက်ရင် ၁၀ ဧက၊ ငါးခါလျှောက် ပိုက်ဆံဘယ်လောက်ရှိရှိ လယ်သမားတစ်ယောက်ဟာ ဧက ၅၀ ပဲရမယ်။ ကုမ္ပဏီ အသင်းအဖွဲ့များကျတော့ လယ်ယာမြေ လျှောက်
ထားမယ်ဆိုရင် ဧက ၅၀၀၀ အထိ လျှောက်ထားနိုင်တယ်။ လယ်သိမ်းတယ် ဆိုရင်လည်း လယ်သိမ်း၊ မြေသိမ်း ဥပဒေနဲ့အညီ သိမ်းရမယ်။ သိမ်းဆည်း
ထားတဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး မြေရဲ့ နစ်နာကြေးဆိုပြီး ရှိတဲ့
အတွက် လျှောက်ထားရပါမယ်။ အဲဒီလို လျှောက်လာသူ ရှိပြီဆိုရင် မြေသိမ်း
ပုဒ်မ-၂၃ အရ တရားရုံးကိုတင်ပြီး ဒီမြေအတွက် ကာလ ပေါက်ဈေးနဲ့ နစ်နာကြေး ပေးလျော်ဖို့ စံနှုန်းသတ်မှတ် ပေးပါဆိုပြီး လျှောက်ထားရပါ
မယ်။ မြေသိမ်းပုဒ်မ-၂၃ အရ လျှောက်လာတဲ့ လျှောက်လွှာကို မြေသိမ်း
ပုဒ်မ-၂၄ အရ ဒီမြေဟာ ဘယ်လောက်တန်တယ်။ ပစ္စည်းတွေ ဘယ်လောက် နစ်နာကြေး ပေးရမယ်ဆိုတဲ့ စာရင်းကို ပြန်ပြီး မိန့်ကြားရပါတယ်။ အဲဒီလောက် တိကျခိုင်မာစွာရှိတဲ့ မြေသိမ်းဥပဒေ လုပ်ထုံးလုပ်နည်းမှန်ကို တစ်ခုမှ ညီညွတ်အောင် မလုပ်ခဲ့သော ဒီနေ့မြေသိမ်းနေတဲ့ သူများကို တိုင်ကြားကြပါ။ ပြောကြပါ။ လယ်သမား မြေပိုင်ခွင့်ကိုမှ အကာအကွယ် မပေးနိုင်ရင် ဒီဥပဒေဟာ အလကားပဲ'' ဟု ပြောကြားသည်။

eleven media group

Credit Eleven Media Group

0 comments:

Post a Comment