ထိုင်းနိုင်ငံ အခြေစိုက် The Siam Cement Group (SCG) မှ မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် အခြားဆက်စပ်စက်ရုံများ တည်ဆောက်မည်ဖြစ်ကြောင်း SCG ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
SCG သည် အရှေ့တောင်အာရှ နိုင်ငံများမှ ဘိလပ်မြေ၀ယ်လိုအား မြင့်တက်လာမှုကြောင့် လုပ်ငန်းတိုးချဲ့မှု အစိတ်အပိုင်းတစ်ရပ် အနေနှင့် မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေ ၁၂ ဒသမ ၄ ဘီလျံ တန်ဖိုးရှိပြီး အမေရိကန်ဒေါ်လာ ၃၁၈ သန်းမြှုပ်နှံမည့် စီမံကိန်းအား လုပ်ဆောင်မည်ဖြစ်ကာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွင် ဘိလပ်မြေစက်ရုံ၊ မဂ္ဂါဝပ် ၄၀ ထုတ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အနာဂတ်အတွက် အခြေခံ အဆောက်အအုံများ၊ ဆိပ်ကမ်းအထောက်အကူပြု လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှု သက်သာရန် 9 megawatt waste-heat Generator စသည့် ဆက်စပ်စက်ရုံများ တည်ဆောက်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စက်ရုံကို ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်လည်ပတ်နိုင်မည်ဟု မျှော်မှန်းထားပြီး မြန်မာနိုင်ငံအတွင်း SCG ၏ ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ အဆိုပါ စက်ရုံမှ တစ်နှစ်လျှင် ဘိလပ်မြေ တန် ၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
SCG သည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ဒုတိယအကြီးဆုံး ဘိလပ်မြေ ထုတ်လုပ်သူဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ပင် ဈေးကွက်ဝယ်အား မြင့်မားနေသည့် အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင်လည်း ဘိလပ်မြေ ထုတ်လုပ်ရောင်းချနိုင်ရန် စီစဉ်ပြီးနောက် မြန်မာနိုင်ငံတွင် ဘိလပ်မြေသုံး ဆောက်လုပ်ရေးပစ္စည်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးနိုင်ကာ အာဆီယံတွင် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ရေး လုပ်ဆောင်မည့် SCG ၏ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဘိလပ်မြေ၀ယ်လိုအားသည် လာမည့်ငါးနှစ်အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း မြင့်တက်နေမည်ဟု SCG က ခန့်မှန်းထားသည်။ ထို့အတူ ဘိလပ်မြေတန် လေးသန်းခန့် ဖြုန်းအားရှိသော မြန်မာဈေးကွက်တွင် ဈေးကွက်ဝေစုရာခိုင်နှုန်း ၄၀ ခန့်ရရှိရန် ၎င်းက မျှော်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းပုဂ္ဂလိက ဘိလပ်မြေစက်ရုံ ၂၅ ရုံခန့် တည်ထောင်ရန် ခွင့်ပြုထားပြီး ဖြစ်သော်လည်း အရင်းအနှီးနှင့် နည်းပညာ အခက်အခဲကြောင့် နယ်ပယ်ကုမ္ပဏီကြီး အချို့သာ စက်ရုံတည်ဆောက်နိုင်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘိလပ်မြေစက်ရုံ ငါးရုံခန့် တည်ဆောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။ SCG မှ တည်ဆောက်မည့် ဘိလပ်မြေစက်ရုံအား ရေရှည်ထုံးကျောက် ရရှိနိုင်မည့် မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ရေလမ်းခရီးဖြင့် တင်ပို့နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်းဘိလပ်မြေ သုံးစွဲမှု၏ သုံးပုံတစ်ပုံခန့်သာ ထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရောင်းချခွင့်ရရန် ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ကြိုးပမ်းလျက်ရှိပြီး ထိုင်းအခြေစိုက် Siam Cement၊ အိန္ဒိယအခြေစိုက် Ramco Cement၊ အင်ဒိုနီးရှား အခြေစို
Credit Eleven Media Group

0 comments:
Post a Comment