ရွှေ့ပြောင်းအလုပ်သမားများအတွက် အသက်မွေးဝမ်းကြောင်းပညာတခုဖြစ်တဲ့ စက်ချုပ်သင်တန်းကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ
ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ ၆ ကြိမ်မြောက် ဖွင့်လှစ်ပေးတဲ့ သင်တန်းကို ၂၀၁၃
ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်ခဲ့ပါတယ်။
စက်ချုပ်လုပ်ငန်းခွင်ဝင်ချင်သူများ၊ လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်ချင်သူများ၊
တောင်ယာလုပ်တဲ့ အလုပ်သမားများ၊ မြန်မာပြည်မှ ယခုမှရောက်ရှိလာသူများကို
ဦးစားပေး သင်ကြားပေးနေတယ်လို့ စက်ချုပ်သင်တန်းကို ဦးစီးပြုလုပ်တဲ့ မအိက
ပြောဆိုလိုက်ပါတယ်။ `ရွှေ့ပြောင်းအလုပ်သမား ညီအကိုမောင်နှမတွေအတွက်
ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတွေ၊ အလုပ်အကိုင် ကိစ္စတွေမှာ
ဖြေရှင်းပေးနိုင်အောင်လို့ သင်ကြားပေးရတာပါ´လို့ ပြောဆိုခဲ့ပါတယ်။
ယခု ၆ ကြိမ်မြောက်ဖွင့်လှစ်တဲ့ စက်ချုပ်သင်တန်းကို သင်တန်းသူ/သား စုစုပေါင်း ၇ ဦးအား သင်ကြားပေးခဲ့ပါတယ်။
YCOWA
0 comments:
Post a Comment