ဒိန်းမတ်နိုင်ငံ Krogerup Folk အထက်တန်းကျောင်းမှ ကျောင်းသား/သူများသည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာများ ကူညီလုပ်ဆောင်ပေးနေသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ စက်တင်ဘာ ၂၂ ရက် ၂၀၁၃ ခုနှစ်တွင် လာရောက်လည်ပတ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမျိုးဇော်က အထက်တန်းကျောင်းသား/သူများ လာရောက်လည်ပတ်တဲ့အကြောင်းကို ယခုလို ပြောဆိုခဲ့ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေ၊
လုပ်အားခပြဿနာတွေရယ်၊ နယ်စပ်မှာ ရှိတဲံ အလုပ်သမားတွေရဲ့ အခြေအနေအရပ်ရပ်ကို
မေးမြန်းတယ်၊ အရင်တုန်းက ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့
အခြေအနေတွေနဲ့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေ ကွာခြားမှု ရှိသလားဆိုတာ
မေးတော့၊ အလုပ်ရှင် အလုပ်သမားတွေရဲ့ ပြဿနာတွေက အရင်တုန်းကနဲ့စာရင်တော့
ပြောင်းလဲတာတော့ မဟုတ်ပါဘူး၊ နည်းနည်းလေး မဆိုစလောက်တော့ ပြောင်းလဲတယ်လို့
ပြောရမှာပေါ့၊ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီဆိုတော့
နယ်စပ်က အခြေအနေတွေနဲ့ နှိုင်းယှဉ်လေ့လာချင်လို့ လာခဲ့တာပါပဲ
ဒိန်းမတ်နိုင်ငံမှ အထက်တန်း ကျောင်းသား/သူ စုစုပေါင်း ၁၈ ဦး
လာရောက်လည်ပတ်ခဲ့ကြပြီး၊ ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြတယ်လို့
သိရှိရပါတယ်။
YCOWA
0 comments:
Post a Comment