Wednesday, October 23, 2013
Sunday, October 03, 2010
ရောင်ခြည်ဦး (Community Center)
Community
Center
ခိုလှုံရာအိမ်ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ရည်ရွယ်ချက်မှာ စက်ရုံတွင် နေထိုင်ခွင့်မပြုသော ကိုယ်ဝန်ဆောင်၊ အမျိုးသမီးများ၊ စက်ရုံအလုပ်ရုံများမှ မောင်းထုတ်ခံရသူများ၊ နာမကျန်းဖြစ်၍ နေထိုင်ရာ အခက်အခဲရှိနေသူများအား ဘဝလုံခြုံမှုရှိစေရန်ဖြစ်သည်။ ပထမဆုံး ခိုလှုံရာအိမ်ကို မဲဆောက်ဈေး အနီးတွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၃
ခုနှစ်တွင် ယခုလက်ရှိ ခိုလှုံအိမ်ကို မဲဆောက်၊ မယ်သောင်လမ်းရှိ (UNHCR) ရုံးအနီးတွင်ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ခိုလှုံအိမ်သို့ လာရောက်ခိုလှုံသူများမှာ စက်ရုံ တွင် နေထိုင်ခွင့်မပြုသော ကိုယ်ဝန်ဆောင်များ၊ နစ်နာဆုံးရှုံးမှုများ အတွက်
တောင်းဆိုတိုက်ပွဲဝင်ရင်း အမှုရင်ဆိုင်နေရသူများ၊ စက်ရုံ အလုပ်ရုံများမှ မတရားမောင်းထုတ်ခံရသူများ၊ နာမကျန်းဖြစ်နေသူ များ၊ ကျောထောက်နောက်ခံမရှိသော သက်ကြီးရွယ်အိုများ၊ အကြောင်းကြောင်း ကြောင့် မိမိနေရပ် သို့ပြန်ရန်အခက်အခဲရှိသူများ၊ ပြည်တွင်းမှ အခက်အခဲအမျိုးမျိုးကြောင့်ထွက်လာသူများ စသည့်
လူများဖြစ် သည်။ တနှစ်ပျမ်းပျှ လူဦးရေ (၇၀၀-၈၀၀) ကြား လာရောက်နေထိုင်ခဲ့သည်။ လာရောက် နေထိုင် သူများအား ဒီမိုကရေစီ၊ လူအခွင့်အရေး နှင့်
အလုပ်သမားအခွင့်အရေးများအား စကားဝိုင်းများနှင့် သင်တန်းများပြုလုပ်ပြီး အသိပညာမြှင့်တင်ပေးခြင်း၊ အထိမ်းအမှတ်အခမ်းအနားများနှင့် နေ့ထူးနေ့မြတ် အခမ်းအနားများအား ပြုလုပ်ခြင်း၊ စက်ချုပ်သင်တန်းနှင့် စက်ဆွဲသင်တန်းများပြုလုပ်ပြီး၊ အလုပ်အကိုင်များ ရရှိအောင် ဖန်တီးပေးခြင်းစသည့်တို့အား လည်းအဆောင်ရွက်ပေးခဲ့ပါသည်။



















