အီတလီ ဝန်ကြီးချုပ်သစ် မက်တီယို ရန်ဇီသည် နိုင်ငံ၏ ချွတ်ြခုံ ကျနေသော စီးပွားရေးကို ပြန်လည် အသက်သွင်းရန် ပြုပြင် ပြောင်းလဲမှု များကို ချက်ချင်းပြုလုပ် သွားမည်ဟု ကတိပြု ပြောကြား ခဲ့ပြီးနောက်တွင် ၎င်း၏ ကတိပြု ပြောကြားချက်နှင့် ပတ်သက်၍ ယုံကြည်မှုရှိ၊ မရှိကို အထက် လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၅ ရက်က မဲခွဲဆုံးဖြတ်ရာ ရန်ဇီ၏ အစိုးရ အဖွဲ့သစ်သည် အနိုင်ရရှိ ခဲ့သည်ဟု သိရသည်။
ရန်ဇီ ဦးဆောင်သည့် အစိုးရ အဖွဲ့သစ်သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြပြီး အထက် လွှတ်တော်တွင် ပြုလုပ်ခဲ့သော ယုံကြည်မှု ရှိ၊ မရှိ ဆန္ဒမဲ ခံယူပွဲတွင် ထောက်ခံမဲ ၁၆၉ မဲ၊ ကန့်ကွက်မဲ ၁၃၉ မဲဖြင့် အနိုင်ရရှိ သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လွှတ်တော်တွင် အကြီးဆုံး ပါတီဖြစ်သော ဝန်ကြီးချုပ် ရန်ဇီ၏ ဗဟို လက်ဝဲယိမ်း ဒီမို ကရက်တစ် ပါတီသည် ပြည်ထဲရေး ဝန်ကြီး အိန်ဂျလီနို အယ်လ်ဖာနို ဦးဆောင်သော ဗဟို လက်ယာယိမ်း ပါတီနှင့် ပူးပေါင်း၍ ညွန့်ပေါင်း အစိုးရ အဖွဲ့ကို ဖွဲ့စည်း ခဲ့သည်ဟု သိရသည်။
အီတလီ အစိုးရ အဖွဲ့သစ်သည် ယခုနှစ်၏ ဒုတိယ နှစ်ဝက်အတွက် ဥရောပ သမဂ္ဂ အဖွဲ့၏ ဥက္ကဋ္ဌ ရာထူးကို လက်မခံမီ အချိန်တွင် ပြုပြင် ပြောင်းလဲမှု များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လွှတ်တော်နေ့ ပထမဆုံး အကြိမ် တက်ရောက်ခဲ့သော ဝန်ကြီးချုပ်သစ် ရန်ဇီက ကတိပေး ပြောကြား ခဲ့သည်ဟု သိရသည်။
Credit: Myawaddy









0 comments:
Post a Comment