Monday, March 24, 2014

လူမှုဖူလုံရေးဆိုင်ရာသိကောင်းစရာများဆွေးနွေး

လူမှုဖူလုံရေး ဥပဒေသစ်နှင့် အလုပ်ရှင် အလုပ်သမားများ၏ အကျိုးခံစားခွင့်ဆိုင်ရာ သိကောင်း စရာများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က UMFCCI ၌ ပြုလုပ် ခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင်ပါရှိ သော အာမခံစနစ်များအကြောင်း ဆွေးနွေးခဲ့ပြီး ယင်းတို့မှာ ကျန်း မာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ မိသားစုထောက်ပံ့မှု အာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှု အာမခံစနစ်၊ အလုပ်လုပ်ကိုင်နိုင် စွမ်းမရှိမှု၊ သက်ပြည့်အငြိမ်းစားနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်အာမခံ စနစ်၊ အလုပ်လက်မဲ့အကျိုးခံစား ခွင့်နှင့် အခြားလူမှုဖူလုံရေးစနစ် ပါရှိပြီး ထိုဥပဒေသစ်တွင် စတင် အကောင်အထည်ဖော်ချိန်တွင် အမှတ်စဉ်(၁)၊ (၂)နှင့် (၃) အာမခံ စနစ်များကိုသာ ပုဒ်မ ၁ဝဝ အရ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း၎င်း ကပြောသည်။

''ဒီဥပဒေပါအကျိုးခံစားခွင့် တွေကို ခံစားခွင့်ရစေဖို့ အလုပ်ရှင် နဲ့အလုပ်သမားတို့ဟာ ကျန်းမာရေး နဲ့ လူမှုရေးစောင့်ရှောက်မှုအာမခံ စနစ်နဲ့ မိသားစုထောက်ပံ့မှုအာမခံ စနစ်တို့အတွက်ကို အလုပ်သမား လစဉ်ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်း အချိုး ၂ ရာခိုင်နှုန်းနဲ့ အလုပ်ရှင်က အလုပ်တွင် ထိခိုက်မှုအာမခံစနစ် အတွက် အလုပ်သမားလစဉ်ဝင်ငွေ ရဲ့ ၁ ရာခိုင်နှုန်းကို ထည့်ဝင်ကြေး အဖြစ်လစဉ်ပေးသွင်းရပါမယ်''ဟု ၄င်းကဆိုသည်။

ထို ၂ဝ၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေတွင် မဝင်မနေရပြဋ္ဌာန်းချက်
နှင့်သက်ဆိုင်သည့်အလုပ်သမားများ မှာ ဥပဒေပါခံစားခွင့်များကို ခံစား ခွင့်ရှိပြီး မဝင်မနေရပြဋ္ဌာန်းချက် နှင့်သက်ဆိုင်ခြင်းမရှိသည့်
အလုပ် ဌာနများမှ အလုပ်သမားများသည် လည်းအလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်သဘောတူညီမှုရှိပါက ထည့်ဝင်ကြေးပေးသွင်းကာ ဥပဒေ ပါခံစားခွင့်များကို ခံစားခွင့်ရှိ ကြောင်း၊ ထို့အပြင် အလုပ်ရှင် အတည်တကျမရှိသောအလုပ်သမား များ၊ ပျံကျဈေးသည်များ၊ တောင် သူလယ်သမားများ၊ ကျောင်းသူ
ကျောင်းသားများ အပါအဝင် ပြည်သူပြည်သား အားလုံးသည် လည်း မိမိတို့၏ဆန္ဒအလျောက် အလုပ်ရှင် အလုပ်သမားထည့်ဝင်
ကြေးများပေးသွင်း၍ အာမခံထား ရှိပြီးဥပဒေပါခံစားခွင့်များကိုခံစား ခွင့်ရှိကြောင်း ၄င်းကပြောသည်။

ထို့နောက်အာမခံအလုပ်သမား များအား အကျိုးခံစားခွင့်များကို အမြန်ဆုံး ထုတ်ပေးနိုင်ရန်အတွက် ၂ဝ၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေ သစ်ကို Computerize System ကျင့်သုံး၍ဆောင်ရွက်သွားမည်ဖြစ် ပြီးဆေးကုသမှု အဆင်ပြေစေရန် အတွက် အဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်း များကို အဆင့်မြှင့်တင်ခြင်းလုပ် ငန်းကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ လုပ်ငန်းခွင်မပျက် ဆေး ကုသမှုခံယူနိုင်ရေးအတွက် နယ် လှည့် ဆေးကုသရေးယာဉ်ဖြင့် အလုပ်ဌာနများအရောက်ကွင်းဆင်း ကုသနိုင်ရန် စတင်ဆောင်ရွက် လျက်ရှိပြီးနီးစပ်ရာဆေးရုံ၊ဆေးခန်း များတွင် ဆေးကုသမှုခံယူနိုင်ရန် စာချုပ်ပါဆေးရုံ၊ ဆေးခန်းစနစ်ကို
ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ် နေကြောင်း ၄င်းကပြောသည်။
လူမှုဖူလုံရေး ဥပဒေသစ်နှင့် အလုပ်ရှင် အလုပ်သမားများ၏ အကျိုးခံစားခွင့်များကို ဧပြီ ၁ ရက် တွင် စတင်ကျင့်သုံးနိုင်ကြောင်း အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှု ဖူလုံရေးဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ပြောသည်။

Credit: The Union Daily

0 comments:

Post a Comment