နိုင်ငံအတွင်းရှိ အလုပ်သမားများအနည်းဆုံး လုပ်ခလစာ သတ်မှတ်ပေးနိုင်ရေး ကို
ယခုနှစ်အတွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က မေ ၁ ရက်တွင်
လှိုင်သာယာမြို့နယ်၌ ပြုလုပ်သည့် အလုပ်သမားနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။
“အခုဆို နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်တိုင်းဒေသကြီးတွေမှာ အနည်းဆုံးလုပ်ခလစာ သတ်မှတ် ပေးနိုင် ရေးအတွက်ကို ဒေသ အလိုက်သော်လည်းကောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအလိုက်သော်
လည်းကောင်း၊ ကဏ္ဍလိုက်သော်လည်းကောင်း ဘယ်လို သတ်မှတ်မလဲ ဆိုတာတွေကို ဆွေးနွေးနေတယ်။

ဇွန်၊ ဇူလိုင်လောက်မှာတော့ ပထမဆုံးအကြိမ်သဘောမျိုး ရရှိမှာဖြစ်ပြီး အဲဒီအပေါ်မှာ ပြန်လည်စဉ်းစား သုံးသပ်တာတွေလုပ်ကြမယ်။
ဒီလိုလုပ်တဲ့နေရာမှာ အစိုးရတစ်ခုတည်းမဟုတ်ဘူး၊ တိုင်းဒေသကြီးပြည်နယ် အစိုးရတွေ၊ အလုပ်ရှင်အလုပ်သမားတွေ သုံးဦး သုံးဖလှယ်ညှိနှိုင်းပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ စနစ်တစ်ခု ကိုလုပ်ကြမှာ “ ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် အနည်းဆုံးလုပ်ခလစာ အခကြေးငွေ သတ်မှတ်နိုင်ရေး အတွက်ဥပဒေ၊ နည်းဥပဒေများလည်း ပြဋ္ဌာန်း ထားပြီးဖြစ်ပြီးအလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်း ဦးဆောင် သည့် အမျိုးသားေ က်ာမတီ တစ်ရပ်ဖြင့် ပြည်နယ် တိုင်းဒေသကြီးများ သို့သွားရောက်ပြီး ဟောပြောမှုများ ပြုလုပ် လျက်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အနည်းဆုံး လုပ်ခလစာကြေးငွေသတ်မှတ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ များ ပြဋ္ဌာန်းထားပြီးဖြစ် သော်လည်း အလုပ်ရှင် အလုပ်သမားကြား၊ အလုပ်ရှင်နှင့် အစိုးရကြား၊အလုပ်သမားနှင့် အစိုးရကြား သဘောထား ကွဲလွဲမှုအချို့ ရှိနေပြီးညှိနှိုင်းဆောင်ရွက်ရန် များစွာလို အပ်နေသေးကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများက သုံးသပ်ပြောကြားသည်။
နိုင်ငံတော်အတွင်းရှိ လူဦးရေ၏တစ်ဝက်ကျော်သည် အလုပ်သမား လူတန်းစား များဖြစ်နေပြီး ၎င်းတို့၏လူနေမှု အဆင့်အတန်းများ တိုးတက်လာ မှသာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကောင်းမွန်လာမည်ဖြစ်သည်ဟု ၎င်းတို့ ကပြောသည်။
Credit: MOI Webportal Myanmar

0 comments:
Post a Comment