Sunday, May 04, 2014

အပူရှိန်လွန်ကဲမှုကြောင့် ချောက်မြို့တွင်လူ၁ဝဦးသေဆုံး

မကွေးတိုင်းဒေသကြီးချောက် မြို့တွင်အပူရှိန်လွန်ကဲမြင့်တက်လာ
ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း လူ ၁ဝ ဦးခန့်သေဆုံးသွားကြောင်း
ချောက်ဒေသခံတစ်ဦးကပြောသည်။''အပူချိန်၄၃ဒီဂရီစင်တီဂရိတ်
အထက်မှာရှိတယ်။ မကျန်းမာတဲ့ လူတွေ၊ အရက်သောက်
တဲ့လူတွေ သေကြတယ်။အသက်(၄ဝ)ကျော်နဲ့ (၆ဝ)ကျော်တွေပေါ့''
ဟု၎င်းကပြော သည်။

ချောက်မြို့တွင် ဆေးခန်းဖွင့် ထားသောဆရာဝန်ကလည်းအပူရှိန်
ကြောင့်ဖြစ်တည်သော ဝေဒနာများ နှင့်ပတ်သက်၍''အပူလျှပ်တာတော့ ရောက်မလာဘူး၊ အပူကြောင့်ဖြစ် တာသုံးမျိုးရှိတယ်။ အပူကြောင့် ဗိုက်နာတာ၊ကြွက်သားနာတာ၊ အပူ ကြောင့်နုံးတာနည်းနည်းပါးပါးတွေ့ တယ်။နောက်အပူကြောင့်အဖျားကြီး ပြီးသတိလစ်သွားတဲ့လူနာတွေတော့ အများကြီးမတွေ့သေးဘူး''ဟု ဆို သည်။ ချောက်ဆေးရုံမှ ဆရာဝန် တစ်ဦးက ''ယခုအပတ်အတွင်း အပူကြောင့် အဖျားကြီးပြီး သတိ လစ်သွားတဲ့လူနာသုံးဦးရောက်လာ တယ်လို့ သိရတယ်''ဟုဆိုသည်။
လွန်ခဲ့သောငါးနှစ်ခန့်ကချောက် မြို့ဆေးရုံမှာ အပူရှိန်ကြောင့် လူနာ တွေဆေးရုံမှာ မဆံ့အောင်အထိ ဖြစ်ခဲ့ကြောင်း၊ အသေအပျောက် လဲများခဲ့ကြောင်း၊ မိုးလေဝသ ပညာရှင်များကမြန်မာနိုင်ငံတစ်ဝန်း မှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲမှု အဆင့်သို့ ရောက်ရှိနေကြောင်း
နေပူထဲမသွားကြရန်သွားရင်လည်း နေရောင်ခြည်မထိအောင်
လုံခြုံ စွာဝတ်ဆင်ဖို့ သတိပေးတိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။
Credit: The Union Daily

0 comments:

Post a Comment