
ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရွာက လယ်သမားတွေနဲ့ ဇေကမ္ဘာ ကုမ္ပဏီဝန်ထမ်းတွေ မနေ့က သင်္ဃန်းကျွန်းကြီး ရွာနားက လယ်မြေတွေနားမှာ နှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာမှာ ဒီနေ့ မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှာ ဇေကမ္ဘာကုမ္ပဏီဘက်က လယ်သမား ၂ ဦးကို အမှုဖွင့်လိုက်ပါတယ်။
ပုဒ်မ ၃၂၅ ကိုယ်ထိလက်ရောက်ကျူးလွန်မှု နဲ့ မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံရကြောင်း အမှုဖွင့်ခံရတဲ့ လယ်သမား ဦးအေးနိုင်က ပြောပါတယ်။
"ရုန်းရင်းဆန်ခတ်ဖြစ်ပြီးသွားချိန်မှာ ဇေကမ္ဘာဘက်ကသုံးယောက် ခေါင်းကွဲပြီး သွားပြီးတော့ သူတို့ကပုံကြီးချဲ့ပြီးတော့ ဆေးရုံကိုသွားပြီးတော့ အမှုဖွင့် ပြီးတော့ ဆေးရုံတွေသွားတက်ကြတာပေါ့၊ ရွာဘက်ကတော့ လူငယ် ပိုင်းတွေက လေးခွတွေနဲ့ပစ်သွားကြလို့ သုံးလေးယောက်လောက် လေး ခွတွေ ထိခိုက်မှန်တာရှိတာပေါ့ဗျာ၊အမှုဖွင့်ခံရတာကတော့ ၃၂၅ နဲ့ အမှုဖွင့် ခံရတာ"
ဇေကမ္ဘာကုမ္ပဏီက လုံခြုံရေးအင်အား ၄ဝ လောက်က သင်္ဃန်းကျွန်းကြီးရွာ နားက လယ်ယာမြေတွေမှာ မနေ့က ခြံစည်းရိုးခတ်ဖို့ကြိုးစားရာ က တောင်သူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကစပြီး သင်္ဃန်းကျွန်းကြီးရွာက လယ်ဧက ၁ ထောင်ကျော်ကို ဇေကမ္ဘာကုမ္ပဏီ က သိမ်းဆည်းခဲ့ပြီး လယ်ဧက ၂ဝဝ လောက်အတွက်သာ လျော်ကြေးပေးခဲ့ကြောင်း လယ်သမားတွေ က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ကို လယ်သမားတွေက တင်ပြ ထားကြောင်းနဲ့ အဲ့ဒီလယ်မြေတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ကို တားမြစ်ကြောင်း ၂ဝ၁၃ ခုနှစ် ဇွန်လမှာ မင်္ဂလာဒုံ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားဝင်စာထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။
Credit: RFA









0 comments:
Post a Comment