ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ ဖရာ့ထာ့ဖာဒဲန်းရပ်ကွက်၊ ရွမ်ကျူဂါးမန့် (YJ) စက်ရုံသို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နှင့်အတူ အခြားလူမှုအဖွဲ့အစည်းအချို့တို့သည် မေလ ၆ ရက် ၂၀၁၄ ခုနှစ်က သွားရောက်လေ့လာခဲ့ကြသည်။
ဧပြီလတွင်လည်း ၄င်းစက်ရုံသည် အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောမှု မရှိခဲ့သဖြင့် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်ရုံး)သို့ သွားရောက် ဖြေရှင်းခဲ့ကြသည်ဟု သိရသည်။

မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းများသွားရောက်လေ့လာခဲ့ကြသည်နှင့်
ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဥပဒေအထောက်အကူပြုဌာနမှ
မဇင်မာသက်က ယခုလို ပြောဆိုခဲ့သည်။
အခုသွားရတဲ့အကြောင်းအရင်းက အလုပ်သမားတွေတောင်းဆိုထားတဲ့အချက်အလက်တွေကို စက်ရုံက လိုက်လျောပြီးပြီဆိုတဲ့အကြောင်းကို လုပ်ငန်းရှင်က အဖွဲ့အစည်းတွေကို ဖိတ်ခေါ်လို့ လာလေ့လာကြတာ၊ လူနေဆောင်တွေ၊ လုပ်ငန်းခွင်တွေကို လေ့လာခွင့်ရခဲ့တယ်၊ ဒါပေမယ့် လူနေဆောင်ခန်း ၂ ခန်းကိုပဲ ဖွင့်ကြည့်ခဲ့ရတယ်၊ ကျန်တဲ့အခန်းတွေက သော့ခတ်ထားတယ်၊ နောက်ပြီး အလုပ်ရှင်အလုပ်သမား သဘောတူညီချက်စာချုပ်ကို ဝေဖန်သုံးသပ်ပေးဖို့ အကြံညဏ်တွေပေးဖို့ လုပ်ငန်းရှင်တွေဘက်က တောင်းဆိုတယ်၊ ကျမတို့ သွားရောက်လေ့လာတဲ့အဖွဲ့အစည်းတွေက အလုပ်ရှင်အလုပ်သမားသဘောတူညီ ချက်စာချုပ်ကို ဘာမှ အကြံညဏ်မပေးခဲ့ကြပါဘူး၊ စာချုပ်ထဲမှာပါတဲ့ အချက်တွေက အလုပ်သမားတွေအတွက် အကျိုးသက်ရောက်မှု ရှိမရှိကို မလေ့လာရသေးတဲ့အတွက် အဲဒီစာချုပ်ကို အကြံညဏ်တွေ မပေးခဲ့ပါဘူး
ရွမ်ကျူဂါးမန့် (YJ) စက်ရုံသို့ သွားရောက်လေ့လာခဲ့သည့် မဲဆောက်အခြေစိုက်လူမှုအဖွဲ့အစည်းများဖြစ်သည့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၊ ALC၊ FEDနှင့် MAP Foundation တို့က သွားရောက်လေ့လာခဲ့ကြသည်။
YCOWA

0 comments:
Post a Comment