Monday, June 30, 2014

''လေးနှစ်ဗီဇာကျော် စာအုပ်ကြီးပြောင်းမယ့်သူတွေအတွက် သီးသန့်''

Photo: ''လေးနှစ်ဗီဇာကျော် စာအုပ်ကြီးပြောင်းမယ့်သူတွေအတွက် သီးသန့်''

လေးနှစ်ဗီဇာကျော်တွေအတွက် ယ္ခုအချိန်မှာရွေးချယ်စရာ နည်းလမ်းနှစ်ခု
ရှိနေပါတယ်။ ပထမလမ်းကြောင်းက မှတ်ပုံတင်မလို အိမ်ထောင်စုဇယားမလိုတဲ့
စာအုပ်အဟောင်းပေါ်မှာပဲ လက်ကျန်နှစ်နှစ်ဗီဇာထု ဝပ်ပါ့မစ်ဆက်တိုးတဲ့ လွယ်ကူ
ပြီး အမြန်ရလွယ်တဲ့ စမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်မြေမှာ ပြုလုပ်ပေးနေတဲ့
မြန်မာသံရုံးကပေးထားတဲ့ စာအုပ်သက်တမ်းခြောက်နှစ်မှာ လက်ကျန်နှစ်နှစ်ကို
ဗီဇာဆက်ထုပေးတဲ့ ပထမလမ်းကြောင်း။
ဒုတိယလမ်းကြောင်းက ကိုယ့်အတွက်ရေရှည်စိတ်ချရမယ့် မြန်မာသံရုံးမှာ
တရားဝင်ဖွင့်လှစ်ပြီးလုပ်ဆောင်ပေးနေတာ ( ၃ ) လလောက်ရှိနေပြီဖြစ်တဲ့ လေး
နှစ်ကျော်ပြီးသူများ စာအုပ်ကြီးပြောင်းလဲပေးမယ့် အစီအစဉ်ပါ။
စာအုပ်ကြီးပြောင်းလဲမယ့် မူဝါဒတွေဟာ ထိုင်းရောက်အလုပ်သမားတွေ
အတွက်နားမလည်နိင်တဲ့ရှုပ်ထွေးမှု့တွေကတော့ အနည်းငယ်ရှိနေပါတယ်။
ထိုင်းရောက်လူမျိုးပေါင်းစုံတိုင်းရင်းသားများအတွက် မြန်မာမှတ်ပုံတင် အိမ်ထောင်
စုစာရင်းနဲ့ (DOE) လို့ခေါ်တဲ့ အလုပ်သမားဆင့်ခေါ်စာ အလုပ်ရှင်ရဲ့လက်မှတ်
(ကဆုန်လိုင်ငန်) လို့ခေါ်တဲ့ထိုင်းအလုပ်သမားဝန်ကြီးငှာနရဲ့ လက်မှတ်စတာတွေ
ဟာ ထိုင်းရောက်မြန်မာရွေ့ပြောင်းတွေ အတွက် ရှုပ်ထွေးပြီးနားမလည်နိင်တဲ့
ဖြစ်စဉ်တွေပါ။ အလုပ်သမားတွေနားမလည်တာကတော့ထားပါတော့ အဲဒီအလုပ်
သမားတွေကို ကယ်တင်ရှင်ကြီးတွေအဖြစ်နဲ့ ပတ်စပို့ပြုလုပ်ပေးမယ့် ပွဲစားခေါ်
(အကျိုးဆောင်) ပဲထားပါတော့။ သူတို့ကိုယ်တိုင်ကနားမလည်နိင် သဘောမပေါက်
ဖြစ်ပြီး ပတ်စပို့ပြန်ပြောင်းမယ့်သူတွေကို ဘန်ကောက်မြန်မာသံရုံးကိုအရောက်
မခေါ်နိင်ဘူးဖြစ်နေပါတယ်။ ပြီးတော့ လူဦးရေများလာတဲ့ ပတ်စပို့ပျောက်သူတွေ
ထိုင်းလူမျိုးလမ်းသရဲတွေ( နက်ကလယ်) တွေအတင်းလုယက်ယူသွားခဲ့တဲ့ စာအုပ်
ဆုံးရူံးသွားတဲ့သူတွေအတွက်လည်း ပျောက်ဆုံးစာအုပ်တွေအမြန်ရဖို့ ထိုင်းရောက်
မြန်မာသံရုံးအနေနဲ့ အရေးတကြီးကြိုးစားလုပ်ဆောင်ပေးရမယ့်အနေအထားပါ။
မြန်မာသံရုံးက စာအုပ်ကြီးပြုလုပ်ပေးမယ့် မြန်မာနိင်ငံကရဲမှုးဦးစိုင်းပန်းအောင်
ကပြောတာကတော့'' နယ်စပ်ရုံးတွေဖွင့်တာ ( ၃ ) လောက်ရှိနေပြီ စာအုပ်ကြီးပြောင်း
ဖို့လာတင်ထားတာ သံရုံးမှာ လူဦးရေ (၁၃၀၀) ကျော်ပဲရှိနေသေးတယ် အဒီအထဲက
နေပြည်တော်ပို့ပြီးနိင်ငံသားစီစစ်ပြီး ပြန်ကျလာပြီး စာအုပ်ကြီးပြောင်းလဲရရှိသွားတဲ့
လူဦးရေက (၅၀၀) ကျော်ပဲရှိနေသေးတယ်လို့'' ပြောပြသွားခဲ့ပါတယ်။ အဲဒီက မြန်မာ
အလုပ်သမားတွေကို သိစေချင်တာကတော့ ထိုင်းနိင်ငံ ဘန်ကောက်မြန်မာသံရုံးမှာ
သာမန်နိင်ငံကူးလက်မှတ် စာအုပ်ကြီးပြောင်းလဲဖို့ လိုအပ်တာတွေနဲ့ပူးတွဲတင်လို့
ရနေပြီဆိုတဲ့ အကြောင်းကိုသတင်းချစ်သူများကို တင်ပြရင်း .....
(မှတ်ချက်။ ။ မိမိအတွက်ခိုင်လုံတဲ့ လမ်းကြောင်းမှန်ကိုရွေးချယ်နိင်ပါစေ။ ပုံလေးကတော့ စာအုပ်ကြီးပြောင်းလဲမယ့် အစီအစဉ်မှာလိုအပ်တဲ့စာရွက်စာတမ်း
တွေပါ။ အားလုံးနားလည်အောင်တင်ပြပေးလိုက်ပါတယ်။)

''ရဲမင်း'' (ခေတ္တ့လူ့ပြည်) မဟာချိုင်-ရတ်(စ်)ထိုင်း ဖောင်ဒေးရှင်း
Credit:Ye Min
https://www.facebook.com/photo.php?fbid=288155881355976&set=gm.417377211733836&type=1&theater

Credit:Ye Min Facebook

0 comments:

Post a Comment