Saturday, July 05, 2014

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လာရောက်


ဇူလိုင် ၅ ရက် ၂၀၁၄ ခုနှစ်
မဲဆောက်
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် ကိုဌေးကြွယ်တို့ ဦးဆောင်ပြီး ဇူလိုင် ၅ ရက်နေ့ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်အခြေဆိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကူညီလုပ်ပေးနေသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ လာရောက်ခဲ့ကြသည်။
 
ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ကြုံတွေ့နေရသော အခက်အခဲများ၊တရားမဝင်နေထိုင်သော မြန်မာအလုပ်သမားများနှင့်ပတ်သက် ပြီး တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် ယာယီပတ်စ်ပို့ ပြုလုပ်ရာတွင် ကြုံတွေ့ရသောအခက်ခဲများကို ဆွေးနွေးခဲ့ကြသည်။
 
၈၈ ငြိမ်း/ပွင့်မှ ထိုင်းနိုင်ငံရောက်မြန်မာအ လုပ်သမားများအခြေနေနှင့်ပတ်သက်၍ မေးမြန်းကာ အကြံပြုဆွေးနွေးခဲ့ကြသည်။
 
၈၈ ငြိမ်း/ ပွင့်သည် မဲဆောက်မြို့မှ ဒေါက်တာစင်တာမောင်ဖွင့်လှစ်ထားသော မယ်တောဆေးခန်း၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊ SAW အဖွဲ့အစည်းတို့ကိုလဲ သွားရောက်ခဲ့ကြသည်ဟု သိရသည်။
 
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တာဝန်ခံကိုမျိုးဇော်က ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဖြစ်ပေါ်လာပုံ၊ အဖွဲ့အစည်း၏ လှုပ်ရှားမှုများနှင့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောဆိုခဲ့သည်။
YCOWA

0 comments:

Post a Comment