Thursday, July 24, 2014

SD Fashion Company limited မှ အလုပ်သမား ၁၆ ဦး နစ်နာကြေးငွေရရှိ



မဲဆောက်
ဇူလိုင်လ ၂၂ ရက် ၂၀၁၄ ခုနှစ်

ချန်ပီယံစက်ရုံဟု လူသိများသော SD Fashion Co. ltd မှ အမှုရင်ဆိုင်နေရသော အလုပ်သမား ၆၃ ဦးထဲမှ ၁၆ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့ ၂၀၁၄ ခုနှစ် မဲဆောက်မြို့ရှိ ဆဝါဒီကန် (အလုပ်သမားကာကွယ်ရေးရုံး) တွင် အလုပ်သမားများအတွက် နစ်နာကြေးများ ပေးအပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်သမားများကို MAP Foundation မှ အလုပ်သမားထိုင်းရှေ့နေများဖြင့် ချိတ်ဆက်ပေးပြီး အမှုအားကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

 
 ‘ဒီနေ့လျော်ကြေးငွေရရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီးပျော်လည်းပျော်မိတယ်၊ စိတ်မကောင်းလဲဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားအားလုံးအတူတူ မရရှိသေးတဲ့အတွက်ပါ။ တကယ်လို့ အလုပ်သမားအားလုံးအတူတူရရှိမယ်ဆိုလျှင် ပြောမပြတတ်လောက်အောင် ပီတိဖြစ်မိမှာအမှန်ပါဘဲ။ ’ လို့ အလုပ်သမားကိုယ်စားလှယ်တစ်ဦးမှ ပြောသည်။

 
 အဆိုပါ အမှုမှာ ၂၀၁၃ ဖေဖော်ဝါရီလတွင် အလုပ်သမားကိုယ်စားလှယ်များက ဘတ် ၂၀၀ ရရှိရန် တောင်းဆိုခဲ့ကြပြီး အလုပ်ရှင်ဖက်မှ ဘတ် ၂၀၀ မပေးဘဲ ဥပဒေအတိုင်း ဘတ် ၃၀၀ ပေးမည်ဟု ဆာဝါဒီကန်တွင် စာချုပ်ချုပ်ဆိုခဲ့ကြသည်။ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း လုပ်ငန်းရှင်ဖက်မှ စက်ရုံထဲတွင်နေသည့်အလုပ်သမားများအား ၁၁၅ ဘတ် ဖြတ်တောက်ခဲ့သည်။ အလုပ်သမားများအား တနေ့ ဘတ် ၃၀၀ မပေးနိုင်သဖြင့် အလုပ်သမားကိုယ်စားလှယ်အများဆုံးရှိသည့် သိုးမွေးဆက်ရှင်မှ အလုပ်သမား ၈၇ ဦးကို အလုပ်ဖြုတ်လိုက်သည်။

 
အဆိုပါအမှုကို ၁ နှစ်နှင့် ၄ လကြာမျှ အမှုရင်ဆိုင်နေခဲ့ရပြီး ၁၆ ဦးသာ လျော်ကြေးငွေရရှိခြင်းဖြစ်သည်။ ကျန်အလုပ်သမားများသည် လျော်ကြေးငွေ ရရှိရန် ဆက်လက်အမှုရင်ဆိုင်ရမည်ဖြစ်သည် ဟုသိရသည်။ အလုပ်သမားများအားလုံးအတွက် ဘတ် ၁၅ သိန်းခန့်ရရှိမည်ဖြစ်ပြီး ယခု ၁၆ ဦးအတွက် ဘတ် ၃ သောင်းကျော်သာရရှိခြင်းဖြစ်သည်ဟု သိရပသည်။YCOWA

0 comments:

Post a Comment