ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ၄ ကြိမ်မြောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့် လိင်ကွဲပြားမှုအခြေပြုသင်တန်းကို သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်မှ သြဂုတ်လ ၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ပြုလုပ်ခဲ့ကြသည်။
သင်တန်းပြုလုပ်ရခြင်းနှင့် ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဥပဒေအထောက်အကူပြုဌာနမှ ကိုစိုးမိုးက ယခုလို ပြောဆိုခဲ့သည်။
' အလုပ်သမားတွေရဲ့ အသိပညာတွေ ဖွံ့ဖြိုးလာအောင်ရယ်၊ လုပ်ငန်းခွင်တွေထဲ ရောက်နေကြတဲ့ ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ၊ ကျား၊မ ခွဲခြားဖိနှိပ်ခံရမှုတွေ ရှိနေပါတယ်၊ ဒါကြောင့် ကိုယ့်မှာ ရှိတဲ့အခွင့်အရေးတွေက ဘာတွေလည်းဆိုတာကို သိအောင်လို့ရယ်၊ လုပ်ငန်းခွင်တွေထဲ ရောက်ရှိသွားကြရင်လည်း တခြားသူတွေကို ဝေမျှနိုင်တယ်ဆိုရင် ချိုးဖောက်ခံနေရတာတွေ လျော့ကျသွားနိုင်မယ်လို့ မျှော်လင့်မိပါတယ် '

အဆိုပါသင်တန်းသို့ တက်ရောက်ခဲ့သူ သင်တန်းသား/သူ ၁၁ ဦး တက်ရောက်ခဲ့ကြသည်။
YCOWA
YCOWA
0 comments:
Post a Comment