Thursday, August 28, 2014

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အသက်မွေးဝမ်းကြောင်းသင်တန်း ပြုလုပ်



ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အသက်မွေးဝမ်းကြောင်းသင်တန်းဖြစ်သော စက်ချုပ်သင်တန်းကို သြဂုတ်လ ၁၅ ရက် ၂၀၁၄ ခုနှစ်မှ သြဂုတ်လ ၁၉ ရက်နေ့ထိ ငါးရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်ဟု သိရှိရသည်။

စက်ချုပ်သင်တန်းပြုလုပ်ရခြင်းနှင့်ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ စက်ချုပ်သင်တန်းဆရာဖြစ်သူ ကိုမျိုးက ယခုလိုပြောဆိုခဲ့သည်။

'မြန်မာပြည်ကနေရောက်လာတဲ့ ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက စရောက်လာတဲ့အခါမှာ စက်ရုံတွေမှာ အလုပ်လုပ်မယ်ဆိုရင် အခက်အခဲ ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စက်ချုပ်ကို မတတ်တဲ့အတွက်ကြောင့်ပါ၊ ကျနော်တို့အဖွဲ့အစည်းက အသက်မွေးဝမ်းကြောင်း ပညာကိုလည်း တတ်စေချင်လို့ပါ၊ စက်ချုပ်တတ်သွားမယ်ဆိုရင် စက်ရုံတွေမှာ အလုပ်ဝင်လုပ်ဖို့က လွယ်ကူသွားနိုင်အောင်လို့ပါ'

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အသက်မွေးဝမ်းကြောင်းသင်တန်းကို လစဉ် ပြုလုပ်နေကြဖြစ်သည်ဟု သိရှိရသည်။

အဆိုပါစက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသား/သူ ၇ ဦး တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။
YCOWA

0 comments:

Post a Comment