Tuesday, September 30, 2014

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မယ်ပကျေးရွာတွင် အမျိုးသမီးစကားဝိုင်းပြုလုပ်


 
 ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပကျေးရွာရှိ အေကပတ်စက်ရုံအနီးတွင် စက်တင်ဘာလ ၂၈ ရက် ၂၀၁၄ ခုနှစ်က အမျိုးသမီးစကားဝိုင်းတခုကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါအမျိုးသမီးစကားဝိုင်းတွင် အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် အခြားအထွေထွေဗဟုသုတများကို ဆွေးနွေးခဲ့ကြသည်။

အမျိုးသမီးစကားဝိုင်းပြုလုပ်ရခြင်းနှင့်ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးဆောင်ဆွေးနွေးသူ မဇင်မာသက်က ယခုလို ပြောဆိုခဲ့သည်။

‘ ကျမတို့ အဓိကဆွေးနွေးတာကတော့ အမျိုးသမီးတွေ ဖိနှိပ်ခံရတာတွေ၊ ဘာကြောင့် ဒါတွေဟာ ဖြစ်နေရတာလဲဆိုတာရယ်၊ ဒီပြဿ’နာတွေကို ဖြေရှင်းနိုင်ရမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်၊ နောက်ပြီးတော့ အမျိုးသမီးတွေအတွက် မျိုးဆက်ပွားကျန်းမာရေးအကြောင်းတွေ ဆွေးနွေးခဲ့ပြီးတော့ သူတို့ သိချင်တဲ့ အခြားအကြောင်းအရာတွေကို မေးမြန်းခဲ့ပါတယ်၊ အဓိကကတော့ ကျမတို့ အမျိုးသမီးတွေမှာလည်း အခွင့်အရေးဆိုတာကို သိစေချင်လို့ ဒီစကားဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ် '

အဆိုပါစကားဝိုင်းသို့ အေကပတ်စက်ရုံမှ အမျိုးသမီး ၁၆ ဦး တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment