Tuesday, September 30, 2014

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အသက်မွေးဝမ်းကြောင်းသင်တန်း ပြုလုပ်


ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အသက်မွေးဝမ်းကြောင်းသင်တန်းဖြစ်သော စက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၀ ရက် ၂၀၁၄ ခုနှစ်မှ စက်တင်ဘာလ ၁၄ ရက်နေ့ထိ ငါးရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်ဟု သိရှိရသည်။

စက်ချုပ်သင်တန်းပြုလုပ်ရခြင်းနှင့်ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ စက်ချုပ်သင်တန်းဆရာဖြစ်သူ ကိုမျိုးက ယခုလိုပြောဆိုခဲ့သည်။

‘အသက်မွေးဝမ်းကြောင်း သင်တန်းကိုတော့ ကျနော်တို့အနေနဲ့ လစဉ်လုပ်ဖြစ်ပါတယ်၊ ဒီအသက်မွေးဝမ်းကြောင်း သင်တန်းကို လာတက်ကြတဲ့သူတွေက လုပ်ငန်းခွင်ထဲမှာ ၀င်ရောက်လုပ်ကိုင်ကြခြင်း မရှိသေးပါဘူး၊ စက်ရုံတွေကို ၀င်မယ်ဆိုရင် သူတို့အတွက် အလုပ်ဝင်ရ လွယ်ကူအောင်အောင်ရည်ရွယ်ပြီးတော့ ဒီအသက်မွေးဝမ်းကြောင်း သင်တန်းကို ပြုလုပ်ပေးရတာဖြစ်ပါတယ်’

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အသက်မွေးဝမ်းကြောင်းသင်တန်းကို လစဉ် ပြုလုပ်နေကြဖြစ်သည်ဟု သိရှိရသည်။

အဆိုပါစက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသား/သူ ၇ ဦး ရှိသည်ဟု သိရှိရသည်။
YCOWA

0 comments:

Post a Comment