Thursday, August 28, 2014

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဘောက်အုတ်များ လှူဒါန်း



ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ ဘန့်ဆောင်ကွဲကျေးရွာ အမှိုက်ပုံတွင် နေထိုင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ရေစည်ကြီးထားရှိမည့်နေရာတွင်ခင်းထားမည့်ဘောက်အုတ်အလုံး ၁၀၀ ကို သြဂုတ်လ ၂၇ ရက် ၂၀၁၄ ခုနှစ်က ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြသည်။

ပြီးခဲ့သည့် ဂျွန် ၆ အခမ်းအနားကို အမှိုက်ပုံရှိ Sky Blue ကျောင်းတွင် ပြုလုပ်ခဲ့ပြီး မိုးတွင်းစီး လည်ရှည်ဖိနပ်များကိုလည်း လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လက ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် ဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသပေးနေချိန်တွင် လူကုန်ကူးခံရသည့် ဦးသန်းဦး၏ မိခင်ဖြစ်သူက လာရောက်အကူညီတောင်းခံသဖြင့် လူကုန်ကူးခံရသည့် ဦးသန်းဦး ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်ဟု သိရသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် အဆိုပါအမှိုက်ပုံတွင် အပတ်စဉ် ဆေးခန်းဖွင့်လှစ်ပေးခြင်း၊ လစဉ် ဂျာနယ်ဖြန့်ဝေခြင်း၊ ကျန်းမာရေးစကားဝိုင်းပြုလုပ်ခြင်း၊ ပညာပေးဇာတ်လမ်းများ ပြသပေးခြင်း၊ နာရေးကူညီမှုများ လုပ်ဆောင်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။
YCOWA

0 comments:

Post a Comment