Thursday, January 01, 2015

၇ ကြိမ်မြောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့် လိင်ကွဲပြားမှုအခြေပြု သင်တန်း ပြုလုပ်



မဲဆောက်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ရောင်ခြည်ဦးအလုပ်သမားများ ဖွင့်လှစ်ထားသော ခေတ္တခိုလှုံရာနေအိမ်၌ ၇ ကြိမ်မြောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးသင်တန်းကို ဒီဇင်ဘာလ ၃၀ ရက် ၂၀၁၄ ခုနှစ်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြသည်။

သင်တန်းပြုလုပ်ရခြင်းနှင့်ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာအထောက်အကူပြုဌာနမှ ကိုစိုးမိုးက ယခုလို ပြောဆိုခဲ့သည်။

“လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးသင်တန်းတွေကို ပြုလုပ်ရတာကတော့ ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုယ့်မှာ ရှိပြီးသားအခွင့်အရေးတွေကို မသိရှိကြလို့၊ အခွင့်အရေးချိုးဖေါက်ခံရတယ်ဆိုတာတွေ ဖြစ်လာတာပါ၊ အဲဒါကြောင့် ချိုးဖေါက်ခံရတဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့အတွက်ရယ်၊ အခွင့်အရေးတွေကို သိရှိလာအောင်ဆိုပြီး သင်တန်းပြုလုပ်ရခြင်းဖြစ်ပါတယ်”

 
 အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၃ ဦး တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment